ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီး
ပုံမှာတွေ့ ရတဲ့အတိုင်း ဂဏန်း ဘီလူးကြီး တစ်ကောင်လို ဖြစ်နေတဲ့ ကလောက်ဒီ ရဲ့ အလေးချန်ဟာ (၁၅) ပေါင်ရှိသလို အခွံ့လည်း ၁၅ လက်မ ထိတောင် အရှည်ရှိပါတယ်။ နောက်ပြီး ဗြိတိန် ကမ်းခြေတွေမှာ တွေ့ရတဲ့ သာမန် ဂဏန်းတွေထက်အဆ(၁၀ဝ)ပိုကြီး ပါသတဲ့။
ကလောက်ဒီကို တက် စမန်းနီးယား ကမ်းလွန်မှာ ငါးဖမ်း သမားတစ်ဦးက ပြီးခဲ့တဲ့မတ်လက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တခြား တက်စမန်းနီးယား ဧရာမဂဏန်း ကြီး(၂)ကောင်နဲ့အတူ ပေါင် ၃၀ဝ၀ နဲ့ Sea Life group ကို ရောင်းချ ခြင်းခံခဲ့ရပါတယ်။
အခုဆိုရင်တော့ ဗြိတိန် ငါးပြတိုက် တစ်ခုဖြစ်တဲ့ Life မှာ သူ့အတွက် အမြင့် (၁၀) ပေ၊ အကျယ်(၆)ပေရှိတဲ့ ထုလုံးချွန် ကန် တစ်ခုလုပ်ပေးပြီး အများလေ့ လာကြည့်ရှု နိုင်အောင် ပြသထား ပါပြီ။ ဂဏန်းတွေဟာ ပင်လယ် ရေအောက်က ငါး၊ ပုဇွန် အသေ တွေကို စားသောက်လေ့ရှိပေမယ့် ကလောက်ဒီ ကတော့ မက်ကရယ် ငါးတွေနဲ့ ပြည်ကြီးငါးတွေကိုပဲ စားနေပါသတဲ့။ ကလောက်ဒီဟာ တက် စမန်းနီးယား King Crab ဂဏန်းအမျိုးအစားတွေထဲမှာ ငယ် ရွယ်တဲ့ ဂဏန်း တစ်ကောင် ဖြစ်တာ ကြောင့် ပေါင်(၃၀)အထိ ကြီးထွာ လာဖွယ်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment