Saturday, June 9, 2012

အသံတိတ် လူသတ်ရောဂါ

အသံတိတ် လူသတ်ရောဂါများ အကြောင်း သိသင့်သော အချက် ၁၀


အသံတိတ် လူသတ်ရောဂါများ အကြောင်း သိသင့်သော အချက် ၁၀(၁)"အသံတိတ် လူသတ် ရောဂါ" ဆိုတာ ရောဂါ လက္ခဏာ လုံးဝ မပြတဲ့ ဒါမှ မဟုတ် ရောဂါလက္ခဏာ နည်းနည်းပဲ ပြတဲ့ ရောဂါကို ဆိုလိုပါတယ်။ ဒီရောဂါတွေ ကို မကုသဘူး ဆိုရင် သေဆုံးစေနိုင် ပါတယ်။
(၂) နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါတွေက အဓိက အသံတိတ်လူသတ်ရောဂါတွေ ဖြစ်ကြပါတယ်။
(၃) ကျောက်ကပ် ဆဲလ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်း ရောင်အသားဝါ ဘီပိုးနဲ့ စီပိုးတွေကလည်း တခြား လူသိနည်းတဲ့ အသံတိတ် လူသတ်ရော ဂါတွေ ဖြစ်ကြ ပါတယ်။
(၄) နှလုံးရောဂါဟာ နံပါတ်တစ်အသံတိတ်လူသတ်ရောဂါဖြစ် ပါတယ်။ နှလုံးရောဂါဖြစ်စေတဲ့ အဓိကအချက်တွေက သွေးတိုး တာ၊ ဆေးလိပ်သောက်တာ၊ အထိုင်များတဲ့ ဘဝနေထိုင်စားသောက် မှုပုံစံရှိတာနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောမြင့်တက် တာတို့ ဖြစ်ကြပါတယ်။
(၅) ကင်ဆာကို နောက်ထပ် အသံတိတ်လူသတ်ရောဂါကြီးတစ်ခု အဖြစ် ဆိုကြပါတယ်။ တစ်နှစ်မှာ ကင်ဆာကြောင့် သေဆုံးသူဦး ရေက ၆ဒသမ၂သန်းရှိပြီး လူရှစ်ဦးသေဆုံးတိုင်း တစ်ဦးဟာ ကင် ဆာကြောင့် ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ AIDS၊ တီဘီရော ဂါနဲ့ ငှက်ဖျားရောဂါတို့ကြောင့် သေဆုံးမှု စုစုပေါင်းထက်ပိုများနေ ပါတယ်။
(၆) ဆေးလိပ်သောက်တာက ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ လိုပဲ အသံတိတ် လူသတ်ရောဂါဖြစ်စေတဲ့ အဓိက ဆိုးကျိုးတစ် ရပ်ပါ။ ဆေးလိပ်သောက်တာကြောင့် အဆုတ် ကင်ဆာကို ၈၇ ရာခိုင်နှုန်း ဖြစ်စေနိုင်ပါတယ်။
(၇) မီးခံကျောက်ဂွမ်းအမှုန့်တွေကို ရှူရှိုက်မိတာကြောင့် ဖြစ်တဲ့ အဆုတ်မြှေး၊ ဝမ်းတွင်းမြှေး၊ နှလုံးကာမြှေးကနေဖြစ်တဲ့ ကင်ဆာ ရောဂါက လတ်တလော မှာ ပျောက်ကင်း တဲ့ ကုသမှု မရှိသေးပါဘူး။
(၈) ကမ္ဘာပေါ်မှာ ဆီးချိုသွေးချိုရောဂါရှိသူပေါင်း ၂၄၆ သန်းရှိပြီး နှစ်စဉ် လူဦးရေ ၃ ဒသမ၂ သန်းခန့်ဟာ ဆီးချိုသွေး ချိုရောဂါ ကြောင့် ဒါမှမဟုတ် ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ အကြောင်း ရင်းတွေကြောင့် သေဆုံးကြတယ်လို့ ခန့်မှန်းထားပါတယ်။
(၉) အိပ်ရင်း အသက်ရှူလိုက်၊ ရပ်လိုက်ဖြစ်တဲ့ရောဂါက လေဖြတ် ခြင်းနဲ့ အိပ်ရင်းရုတ်တရက် သေဆုံးမှုဖြစ်စေတဲ့ ဆိုးကျိုးတစ်ခုပါ။ အဝလွန်တာကြောင့် အိပ်ရင်း အသက်ရှူလိုက်၊ရပ်လိုက် ဖြစ်နိုင် ခြေများပါတယ်။
(၁၀) ကျန်းမာရေးကို အသံတိတ်ထိခိုက်စေတဲ့ အကြောင်းအ ချက်တွေထဲမှာ အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးကူးစက်မှု လည်း ပါဝင်ပါတယ်။ ဒီပိုးတွေကြောင့် အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ ပေါ်က လူဦးရေသန်းပေါင်း ၅၃၀ ဟာ ဒီဗိုင်းရပ်စ်ပိုးတွေကို ခံစားနေရပါတယ်။ တစ်နှစ်မှာ လူဦးရေ သုံးလေးသန်းခန့်ဟာ ဒီဗိုင်းရပ်စ်ကို ကူးစက်ဖြစ်ပွားနေပါတယ်။ အသည်းရောင် အသားဝါဘီပိုးအတွက် ကာကွယ်ဆေးရှိပေမယ့် စီပိုးအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ နှစ်မျိုးစလုံးအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

No comments:

Post a Comment