Friday, August 16, 2013
စိတ်အားစိုက်ပြီး ဖြစ်ညှစ်ဆုပ်ကိုင်ခြင်းဟာ သင့် ရဲ့ မှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေနိုင်
လေ့ လာတွေ့ ရှိချက်အသစ်တစ်ခုက ဆိုပါတယ်...
ညာဖက်လက်ဖြင့် ဘောလုံးကဲ့ သို့ အရာမျိုးကို ချိန်ဆဆုပ်ကိုင်ပြီး ကျနသေချာ၊အင်အားဖြင့် စွာဖြစ်ညှစ်
ပေးခြင်းဟာ သင့် ဦးနှောက်ကိုသန်စွမ်းစေကာမှတ်မိလွယ်စေမှာဖြစ်တယ်လို့ သုတေသီများက အကြံပြု
ပြောကြားခဲ့ ကြပါတယ်...
မှတ်သားထားတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ပြန်လည်စဉ်းစားသိရှိလိုတယ်ဆိုယင်တော့ 
လိုက်ပါလေ....
နေရာကို နှိုးဆွစေပြီး သိရှိမှတ်မိစေလိုတဲ့ အကြောင်းအရာများကို ပိုမိုမှတ်သားပြီး ပြန်လည်မှတ်မိစေနိုင်
တဲ့ ကြွက်သားတွေကို အားပေးသန်မာစေတာလည်းဖြစ်တယ်လို့ ယူဆကြပါတယ်....
စာနဲ့ ရေးပြီးမှတ်သားကျင့် မရှိသူ၊ ရေးမှတ်မသွားချင်သူတွေအနေနဲ့ ဈေးဝယ်ထွက်တဲ့ အခါလိုအပ်တဲ့ ပစ္စည်း
စာရင်းနဲ့ ဖုံးနံပါတ်လိုကိန်းဂဏာန်းအချက်အလက်တွေကို ဦးနှောက်နဲ့ မှတ်သားထားလိုသူတွေအတွက် ယ
ခုတင်ပြတဲ့လေ့ ကျင့် ခန်းနဲ့ သင့် တော်ပါတယ်လို့ အမေရိကန်သုတေသီများက ညွှန်းဆိုကြပါတယ်...
လေ့ လာစမ်းစစ်ချက်အရ စမ်းသပ်မယ့် သူတွေကို စကားလုံး ၇၂ လုံးကိုအလွတ်မကျက်ခင် ရာဘာဘော
ဘောလုံးတစ်ခုပေးပြီး တတ်နိုင်သလောက်အားစိုက်ဖြစ်ညှစ်စေခဲ့ ပါတယ်....
မိနစ်အနည်းငယ်အကြာမှာတော့ မှတ်ထားတာတွေပြန်မရွတ်ခင် ဘောလုံးကိုနောက်တစ်ခါထပ်ပြီးညှစ်စေ
ခဲ့ပါတယ်....
အုပ်စုတစ်ခုကတော့လေ့ ကျင့် ခန်းလုပ်တဲ့ အကြိမ်တိုင်း ညာဖက်လက်ကိုအသုံးပြုပြီးဖြစ်ညှစ်ကြပြီး နောက်
တစ်စုကတော့ဘယ်ဖက်လက်ကိုသာအသုံးပြုကြပါတယ်...
တတိယအုပ်စုကတော့ အလွတ်မကျက်ခင် ညာလက်နဲ့ ဆုပ်ကိုင်ဖြစ်ညှစ်ပြီး အလွတ်မရွတ်ဆိုမှီ ဘယ်  လက်နဲ့ ညှစ်ကြပါတယ်.... နောက်စတုတ္တအုပ်စုကတော့ သူတို့ နဲ့ ပြောင်းပြန် ဘယ်နဲ့ အယင်ညှစ်ပြီး မှ
ညာနဲ့ နောက်ပြန်တစ်ခါထပ်ညှစ်ကြပါသတဲ့ ....
ပဉ္စမအုပ်စုကတော့ ဘောလုံးကလေးကို ကိုင်ရုံသာကိုင်ထားကြပါတယ်... မညှစ်ကြပါဘူး...အားလုံးတို့ ရဲ့
ခြုံငုံသုံးသပ်ချက်အရ ပထမဦးဆုံးညာလက်နဲ့ ညှစ်ပြီး ဘယ်လက်ပြောင်းကာ ထပ်ညှစ်တဲ့ အုပ်စုက စကား
လုံး၊ အချက်အလက်တွေကို အမှတ်မိဆုံးဖြစ်နေတာပါပဲ...
ဒုတိယမြောက်မှတ်ဥာဏ်အကောင်းဆုံးအုပ်စုကတော့ ညာဖက်လက်ချည်းအသုံးပြုဖြစ်ညှစ်ကြသူတွေဖြစ်
ပြီး ကိုင်ရုံတင်ကိုင်ထားသူတွေကတော့ ဘယ်လက်နဲ့ ချည်းသုံးသူတွေထက် ပိုမှတ်မိကြပါတယ်...
နေရာကို နှိုးဆွစေပြီး ဘယ်လက်နဲ့ ဆုပ်ကိုင်တဲ့ လေ့ ကျင့် ခန်းလုပ်တာကတော့ သိုမှီးသိမ်းဆည်းထားတဲ့ 
အချက်အလက်တွေကိုပြန်လည်စဉ်းစား သိရှိစေတဲ့ နေရာကို နှိုးဆွအားကောင်းစေတယ်လို့ သိရှိရတာဖြစ်
ပါတယ်....
မှုတွေကိုပြောင်းလဲစေပြီး မှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေနိုင်တာဖြစ်ပါတယ်..." လို့ သုတေသနအဖွဲ့ ခေါင်း
ဆောင် ဒေါက်တာရုတ်ပရောပါ ကဆိုပါတယ်...
တစ်ခြားသောမှတ်မိသိရှိနိုင်မှုတွေကိုလည်းဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မလဲဆိုတာ
နဲ့ ဘယ်သန်သမားတွေအတွက်လည်း မည်ကဲ့ သို့ အကျိုးရှိအောင်လေ့ ကျင့် နိုင်မလဲဆိုတာတွေကိုတော့ 
ဆက်လက်လေ့ လာဖို့ လိုနေပါသေးတယ်....
သမိုင်းထဲက လဒ(လင်းတ) များ
သမိုင်းထဲက လဒ(လင်းတ) များ
မြန်မာတို့ ရဲ့ မင်းနေပြည်ဟောင်း အဝ(အင်းဝ) မှာ ရွှေစည်းခုံဘုရား တည်ထားတာရှိတယ်။ အဲဒီဘုရားပေါ် လဒ နားတာနဲ့ပတ်သက်ပြီး မှန်နန်းလာ နိမိတ်တွေပြောချင်လာတယ်။
၁။ မြန်မာသက္ကရာဇ် ၇၆၂ ခု၊ မင်းကြီးစွာ အနိစ္စရောက်လိုသော် ရွှေစည်းခုံးဖျား လင်းတနား၏။ မှန်နန်း ၊ ပထမတွဲ ၊ စာ ၄၇၈။
၂။ မြန်မာသက္ကရာဇ် ၇၈၃ ခု၊ ပထမ ဘုရင်မင်းခေါင် အနိစ္စရောက်လိုသော် အင်းဝရွှေစည်ခုံထက် လင်းတ နား၏။ မှန်နန်း၊ ဒုတိယတွဲ ၊ စာ ၆၂။
၃။ မြန်မာသက္ကရာဇ် ၉၉၀ ခု ၊ ပထမ ဝါဆိုလဆန်း ၈ ရက်၊ ကြာသာပတေးနေ့ မဟာဓမ္မရာဇာမည်သော အနောက်ဘက်လွန်မင်း နတ်ပြည်စံတော်မူသည်။ နတ်ပြည်စံတော်မူလိုသော် အဝ ရွှေစည်းခုံဘုရား လင်းတနား၏။ မှန်နန်း ဒုတိယတွဲ ၊ စာ ၁၉၂။
၎။ မြန်မာသက္ကရာဇ် ၁၀၀၂ ခု၊ တော်သလင်း လပြည့်ကျော် ၂ ရက်နေ့ သောကြာနေ့ ရွှေစည်းခုံ အနောက်ရွဲလုံးကြား ထောင့်တွင် လင်းတနား၍ အနောက်သို့ပျံသည်။ ထိုနေ့ နေတံခွန် ထွက်သည်။ မှန်နန်း ၊ တတိယတွဲ ၊ စာ ၂၄၂။
၅။ မြန်မာသက္ကရာဇ် ၁၀၃၃ ခု တွင် ပြည်မင်း နတ်ရွာစံလွန်တော်မူလိုသော် ရွှေစည်းခုံဘုရား လင်းတ နား၏။ မှန်နန်း ၊ တတိယတွဲ ၊ စာ ၂၄၂။
၆။ မြန်မာသက္ကရာဇ် ၁၀၆၀ ပြည့်၊ ဝမ်းဘဲအင်းစံမင်း နတ်ရွာစံလိုသော် ရွှေစည်းခုံဘုရားတွင် လင်းတ နား၏။ မှန်နန်း၊ တတိယတွဲ ၊ စာ ၃၂၅။
ခုပြောခဲ့တဲ့ မင်းတွေရဲ့ ရာဇဝင်ကိုကြည့်တော့ လောက်လောက်လားလား ထွန်းပေါက်ခဲ့တာမျိုးမရှိလှပါ။ ခုတော့ မြန်မာတို့ရဲ့ ရွှေမြို့တော်ဟာ ရန်ကုန်(ဒဂုံ)ပါ။ ဒဂုံမှာ တန်ခိုးအကြီးဆုံး ဘုရားကိုပြောပါ ဆိုရင် ရွှေတိဂုံ (ရွှေတိခုံ) ဘုရားဘဲပေါ့။ ဒီတော့ ဘာဖြစ်မလဲပေါ့။ မင်းလောင်း သေမလား ၊ မင်းဟောင်း သေမလားပေါ့။ ဒီလိုပြောတော့ ဘုရားပေါ်လင်းတ နားတာ မကောင်းဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်။ လင်းတနဲ့ ပတ်သက်ပြီး ကောင်းတာရောမရှိဘူးလားလို့ မေးလာရင် ဖြေစရာတစ်ခုတော့ ကျန်ပါသေးတယ်။
မြန်မာသက္ကရာဇ် ၁၁၇၈ (ဗဒုံမင်းလက်ထက်) နန်းတော်သစ်ဆောက်ဆဲ အရှေ့စနုဆောင် အမိုးမှာ လင်းတနားတော့ နိမိတ်မကောင်းဘူးလို့ ဆီးဗနီ ဆရာတော်က နိမိတ်ကောက်ပါတယ်။ အယူတော် မင်္ဂလာဦးနိုးက လင်းတနားတာကို အဆိုးလို့မမြင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ လင်းတဟာ ဂဏန်းဗေဒင်အရ (၄+၇)= ၁၁ ဖြစ်လို့ လောက်အောက်ခံလိုပါတယ်လို့ ပဒေသရာဇ်တစ်ပါးပါးက သမီးကညာဆက်သဖို့ တစ်ဆယ့်တစ်ရက်အတွင်း ရောက်လိမ့်မယ်လို့ ကောက်ပါသတဲ့။ အမှန်တကယ်ဘဲ တိုလျားစော်ကဲက ဗဒုံမင်းဆီကို သမီးကညာဆက်ပါတယ်။ အယူတော်မင်္ဂလာ ဦးနိုးလည်း နိမိတ်ကောက်တာမှန်တဲ့အတွက် လက်စွပ်တစ်ကွင်းချီးမြင့်ခံရပါသတဲ့။ မြန်မာတို့ရဲ့ လောကီပညာရပ်တွေမှာ လင်းတ နဲ့ပတ်သက်ပြီး အစဉ်အဆက် အဆိုးဘက်ယူနေကြဖြစ်တဲ့ အယူကို အကောင်းဘက်က လှည့်ယူတာ အယူတော်မင်္ဂလာ ဦးနိုးကစတယ်လို့ ပြောစမတ်တွင်ပါတော့တယ်။
ပြီးခဲ့တဲ့ နှစ်၂၀၁၂ ထဲမှာ ရွှေတိဂုံဘုရားပေါ် လင်းတ နားသွားတာနဲ့ပတ်သက်လို့  ပြောကြဆိုကြလွန်းလို့ မြန်မာကျူ့ပစ်ဖိုရမ်မှာ mrlynn ဆိုတဲ့ နာမည်နဲ့ ဒီစာကို ရေးခဲ့တယ်။
ကျနော်တို့ အိုးတွေအကြောင်း နည်းနည်းလောက်ဖြစ်ဖြစ် ပြောကြည့်ရအောင်
မြန်မာ့ အိုး
ကျနော်တို့ အိုးတွေအကြောင်း နည်းနည်းလောက်ဖြစ်ဖြစ် ပြောကြည့်ရအောင်ပါ။
စာရေးဆရာ ချစ်စံဝင်းက တကောင်း ပျူ အိုးများဆိုပြီး စာအုပ်တစ်အုပ် ထုတ်ပါတယ်။ စာမျက်နှာ အစမှာတင် စာရေးသူက သူသည် မြန်မာ့အိုးသမိုင်းကို ရေးမှာမဟုတ်၊ အိုးအကြောင်းသာရေးတယ် ဆိုပြီး ကြိုတင်ပြောထားတာမို့ သမိုင်းနဲ့ သက်ပြီး အယူဆတွေ လွှဲချော်ခဲ့ရင် သူ့မှာတာဝန်ရှိမယ် မဟုတ်ပါ။
သို့ပေမယ့် စာတစ်အုပ်လုံးမှာပြောသွားတာက ' တကောင်း ' မှာသူတူးဖော်တွေ့ရှိတဲ့ အိုးတွေက ပုဂံထက် စောတဲ့ အထောက်အထားတွေ တွေ့ပါတယ်ဆိုပြီး အကြိမ်ကြိမ်ပြောပြန်ပါသေးတယ်။ တူးဖော်တွေ့ရှိတဲ့ အိုးတွေထဲမှာ လူ့အရိုးပြာ၊ လောင်ကျွမ်းထားတဲ့ လူ့အရိုး နှင့် လူ့အသုံးဆောင် ပစ္စည်းတွေတွေ့တယ် ဆိုတဲ့ အချက်ကို အဓိက အချက်အဖြစ် ' ကိုင် ' ပြီးပြောတာ ဖြစ်တဲ့အတွက် သိပ်ပြီး ခိုင်မှာလှတယ်တော့ မဟုတ်ပါ။ ရှင်းရှင်းပြောတော့ သူမို့ ပြောရဲတယ် ။ တပ်အပ်။
စဉ်းစားရမယ့် အချက်တွေက အိုးထဲမှာ လူ့အရိုးပြာတွေ့တိုင်း ၊ မီးကျွမ်း လူ့အရိုးတွေ့တိုင်း ပျူ အရိုးအိုးလို့ ပြောမရပါ။ အရိုးပြာထည့်တဲ့ ဓလေက ယနေ့အထိ ဟိန္ဒူဘာသာဝင်တွေမှာ ရှိနေဆဲဖြစ်လို့ပါ။ ပျူ တွေနေထိုင်ခဲ့ပါတယ်ဆိုတဲ့ ၊ ဗိဿဏိုး ၊ သရေခေတ္တာ ၊ ဟန်လင်း ၊ ပုဂံ စတဲ့ ဒေသတွေမှာ ပျူအထောက်အထားရှာတဲ့အခါ ' ပျူ စာ ' ပါ အရိုးအိုး၊ ရွှေပေလွှာ ၊ ငွေပေလွှာ ၊ ဘုရားစာ ၊ ကျောက်စစ် လက်ရာ စတဲ့ စတဲ့ အခြားခိုင်မာတဲ့ အထောက်အထား အများအပြားတွေ့တဲ့အတွက် ခိုင်မာတဲ့ သက်သေကိုရပါတယ်။
ရှေးဟောင်းသုတေ သနမှာ သက်သက် ညှာညှာ ပြောစရာအကြောင်းမရှိ လို့ ဆိုစကားရှိထားပေမင့် သက်သက်ညှာညှာပြောရ ရင် ' ရှေ့ဆက် ပြီး သုတေသန ' လုပ်ပါ ဦးဆိုတာပါဘဲ။ ထားပါတော့။
ကျနော် ပြောချင်တဲ့ အိုးတွေအကြောင်း ဆက်ကြရအောင်ပါ။ ရှေးက လုပ်တဲ့ မြန်မာ့အိုးတွေမှာ
တချို့ အိုးတွေက ကြီးတယ် ။ တုတ်တယ် ။ ခိုင်တယ်။ မဲတယ်။ စိမ်းပြာပြာနိုင်တယ်။ အရွယ်စားကြီးလို့ ကိုင်ရတွယ်ရ သိပ်မလွယ်။
တချို့ အိုးတွေက ငယ်တယ်။ သွယ်တယ်။ အချိုး ဆ သေးတယ်။ ကိုင်ရတွယ်ရ လွယ်တယ်။
တချို့ အိုးတွေက ကြီးပေမယ့် အကိုင်တွယ်မခံ ၊ ခတ်ဆတ်ဆတ်မို့ ကွဲကြေလွယ်တယ်။
တချို့ အိုးတွေက ငယ်ပေမယ့် မာတယ်၊ သွယ်ပေမယ့် ခံနိုင်ရည်ရှိတယ်။
အိုးအကြောင်းပြောမယ်ဆိုတော့ ကနဦး ရှေးကလူတွေသုံးတဲ့ အိုးက ' ဝါး အိုး ' ပါ။
ခပ်ရွယ်ရွယ် ဝါးပင်ကို ခုတ်ဖြတ်ပြီး အတွင်းက ဝါးဆစ်တွေကို ထွင်းထုတ်ပြီး သယ်စရာ ၊ သိမ်းစရာ (container) အဖြစ်သုံးတဲ့ ဝါးအိုးကို ပြောပါတယ်။ ဝါးကျဉ်တောက်ပေါ့။
လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိတော့ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ဘက်မှာ အဲလိုဝါးဝါးကျဉ်တောက်တွေကိုသုံးနေတုန်းပါ။ ကိုယ်စားချင်တဲ့ ဆန်၊ ပဲ ၊ ပြောင်း စတာတွေကို ဝါးကျဉ်တောက်ထဲ ထည့်၊ ရေထည့်ပြီး မီးတိုက်တဲ့အခါ အသင့်ချက်ပြီးဖြစ်သွားတယ်။ မြေအိုး
တွေမလုပ်တတ်သေးခင်က ဝါးကို ဒီလိုဘဲ ချက်ပြုပ်ရာမှာ သုံးခဲ့ရတယ်။
မြန်မာ့မြေပေါ်မှာ အိုးလုပ်တဲ့ အလေ့ထ ဘယ်အချိန် ဘယ်ရာစုမှာ စပြီး တတ်မြောက်ဖြစ်ထွန်းလာတယ်ဆိုတာ တပ်အပ်ပြောဖို့မလွယ်ပါ။ မြေအိုးကို ဘယ်လိုဘယ်ပုံလုပ်ကြတယ် ဆိုတာကိုတော့ မှန်းဆပြီး ပြောနိုင်ပါတယ်။
တိုတိုတုတ်တုတ်ပြောရရင် ရွှံ့စေးမြေကို လက်ကောက်ဝတ်လုံးလောက်တုတ်ပြီး လက်တစ်လံလောက်ရအောင် လုပ်ယူမယ်။ ပြီးတော့မှ အောက်ကနေ အပေါ် ရစ်ခွေပြီး ထပ်မယ်။ ပြီးတော့မှ ညီညာတဲ့ မျက်နှာပြင်ရအောင် ရေသုံးပြီး ပွတ်သပ် ပုံသွင်းမယ်။ လူ့လက် တစ်တောင်လောက် အမြင့်ရပြီးနောက် နေလှန်းအခြောက်ခံတဲ့အခါ သီးနှံထည့်စရာ ' အိုး ' ကို ရပါတယ်။
မြေအိုးတွေကို သောက်သုံးရေ သိုလှောင်တဲ့နေရာမှာ သုံးနိုင်တဲ့အဆင့်ရောက်အောင် တိုးတက်မှုအဆင့်ဆင့်အတွက် ရှေးလူတို့အနေနဲ့ အနှစ် ၃၀၀ ကျော် ကြာခဲ့ပါတယ်။
မြန်မာ့ မြေပေါ်မှာ ပုံသွင်းထားတဲ့ မြေအိုး မြေသားတွေကို မီးတိုက် အပူပေးပြီး သုံးတဲ့ ဓလေ့ ဘယ်ရာစုမှာ စတယ်ဆိုတာ ပြောဖို့မလွယ်ပါ။ ဒါက အိုးသမိုင်း ကို လူတိုင်းနာလည်အောင် ပြောတာပါ။
' အိုး ' အကြောင်းပြောတော့ ' စဥ့် ' အကြောင်းချန်ထားလို့ မရ။ ပုံသွင်းထားတဲ့ မြေအိုး မြေသားတွေကိုတွေ စဥ့်သုတ်ပြီး မီးဖုတ်အပူပေးတဲ့ အလေ့အထ ၁၁ ရာစုနှောင်းပိုင်း ပုဂံမှာ ကောင်းကောင်းတတ်ကြွမ်းနေပါပြီ။ အရှေ့ဖက်လိပ် အနောက်ဖက်လိပ် ဘုရားနှစ်ဆူမှာ စဥ့်သုတ်မြေသား (စဥ့်ထယ်) တွေကို 
 ဖောဖောသီသီ စပြီး သုံးတာတွေ့ရပါတယ်။
စဥ့်ထယ်အကြောင်းပြောတဲ့အခါ စဥ့်ရည်ရအောင် ရှေးကမြန်မာတို့ ဘယ်လိုဘယ်ပုံလုပ်ယူတယ်ဆိုတာ ရှင်းပြပါဆိုပြီး မေးတတ်ကြတယ်။ တိုတိုတုတ်တုတ် ဖြေရရင် ' သေခြာ မပြောတတ်ပါ ' ။
စဥ့်ရည်ကို ဘယ်လိုသုတ်တယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ မြေသားကို လိုချင်တဲ့ ပုံစံရအောင် ထွင်းယူ ပုံသွင်းတယ်၊ အခြောက်ခံမယ်၊ ပြီးတော့မှာ စဥ့်ရည်ကို သုပ်လိမ်းတာဖြစ်ပါတယ်။ အသွင့်လုပ်ပြီးသား မြေခွက် ၊ မြေပုကန်ထဲကို စဥ့်ရည်ထည့်ပြီး ဘောင်ဘင်ခတ်အောင်လုပ်ပြီး စဥ့်ရည်လူးတဲ့ နည်းက စုပ်တံသုံးပြီး သုတ်တာထက် ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရပါတယ်။
အသင့်လုပ်ပြီးသား မြေသားမီးဖုတ်ကိုမှ စဥ့်ရေ သုပ်လိမ်းတယ်၊ အခြောက်ခံတယ်။ ပြီးတော့မှ စဥ့်ထယ်ပြားကို ဘုရားပစ္စယံမှာ သရိုးကိုင်၊ ပန်းရံကိုင်ပြီး ကပ်တယ်လို့ သိထားတဲ့ အသိမှာ နောက်တစ်ခုတိုးဖို့လိုပါမယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ကျောက်ဆည်မှာတွေ့တဲ့ ဆပ်သွားဘုရား အထက် ပစ္စယံမှာ ကပ်ထားတဲ့ စဥ့်ထယ်တွေမှာ စဥ့်ရည်မသုတ်လိမ်းဘဲ မြေပြား ရုပ်ကြွ အဖြစ်ကျန်နေသေးတဲ့ အချပ်အတော်များများ ကိုတွေ့ရပါတယ်။
မြေသားကို ပစ္စယံမှာ အရင်ကပ်၊ ပြီးတော့မှ စဥ့်ရည်သုတ်တာမျိုးလည်းရှိသေးတယ်ဆိုတာ နားလည်ရပြန်တယ်။ အဲဒီ ဆပ်သွား ဘုရားတည်ဆောက်တဲ့ လုပ်သားတွေအနေနဲ့ ဘုရင်(မင်း) ရဲ့ တိုင်းခန်းလှည့်လည်မယ့် နေ့ရက်အမှီ ဘုရားကို ပြီးအောင် အပူတပြင်းတည်ဆောက်ခဲ့ရပေမယ့် အပြီးမသတ်ခဲ့တဲ့ စဥ့်ထယ်လက်ရာ တချို့ကျန်ခဲ့တာပါ။ အစောတလျှင် အပူတပြင်းတည်ဆောက်ခဲ့ရတဲ့ အတွက် အရည်သွေးညံ့ပြီး ခိုင်ခံ့မှုအားနည်းသွားတာကိုတော့ ကျနော်တို့ လက်တွေ့ တွေ့မြင်ပြီးဖြစ်လို့ ထပ်ပြောစရာလိုမယ်မထင်ပါ။
ဘုရား ပစ္စယံတွေမှာ စဥ့်ထယ်တွေ ကပ်ပြီးအလှဆင် လှူဒါန်းတဲ့ ဓလေ့ ၁၁ ရာစု ပုဂံမှာ ရှိနှင့်ပြီး ဖြစ်တယ်လို့ ရှေ့မှာပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီလိုစဥ့်ထယ်တွေ လုပ်တဲ့ အတတ်ပညာကို ရှေးက မြန်မာတွေ ဘယ်လိုဘယ်ပုံတတ်မြောက်လာတယ်ဆိုတာ ထပ်ပြီး မေးစရာဖြစ်လာပြန်ပါတယ်။ သိပ် ငြင်းခုန်လို့ ကောင်းတဲ့အကြောင်းရာပါ။
ပြည်တွင်း ပြည်ပ ပညာရှင် အများစုက မြန်မာတွေရဲ့ စဥ့်ထယ်ပညာဟာ တရုတ်တွေဆီက ရတယ်လို့ ဆိုပါတယ်။ တရုတ်မှတ်တမ်းအချို့ အရ မြန်မာတို့ရဲ့ တကောင်းဒေသကနေ တရုတ်ပြည်ကို စဥ့်ထယ်တွေ ရောင်းတယ်လို့လည်း တွေ့ရပြန်ပါသေးတယ်။ ရခိုင်ပြည်ဘက်က ဘုရားတွေမှာ အလှဆင်တဲ့ စဥ့်ထယ် တချို့ မြန်မာပုဂံ ၁၁ ရာစုထက် ပိုစောတာကိုတော့ ပြည်တွင်း ပြည်ပပညာရှင်အများစု မမြင်သေးတဲ့ အချက်ဖြစ်နေပါတယ်။ ဆိုပြီးခဲ့သလိုပါဘဲ သိပ် ငြင်းခုန်လို့ ကောင်းတဲ့အကြောင်းရာပါ။
မြန်မာတွေရဲ့ စဥ့်ထယ်ဓလေ့ဟာ ပုဂံ ၁၁ ရာစုလောက်မှာ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် ၁၂ ရာစုမတိုင်ခင်မှာဘဲ ကွယ်ပျောက်သွားတယ်။ ၁၅ ရာစု ပဲခူးဓမ္မစေတီမင်း လက်ထက်လောက်မှာစဥ့်ထယ်ပညာ ပြန်ပြီး တိုးတက်လာပြန်ပါတယ်။ ဒီမင်းလက်ထက် ကောင်းမှု ဘုရားစေတီတွေမှာ စဥ့်ထယ်တွေ ဖောဖောသီသီသုံးပြီး အလှဆင်လှူဒါန်းခဲ့ပါတယ်။
ဘုရင့်နောင် ခေတ်ရောက်တဲ့အခါ မြန်မာတို့ရဲ့ အိုးလုပ်ပညာ ၊ စဥ့်ထယ်ပညာဟာ ပိုပြီး အနုစိတ်လာသလို ၊ အရွယ်စားသေးငယ်တဲ့ အိုးတွေကိုပါ ကြွမ်းကြွမ်းကျင်ကျင် ထုတ်လုပ်လာနိုင်ခဲ့တယ်။ အရောင်သွေးထက် ဟန်ပန်ဒီဇိုင်း (shape) တွေပါ စုံလာတယ်။ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးကြိုင်တွေထည့်တဲ့နေရာ ၊ အမျိုးသမီး အလှပြင် ပစ္စည်းအသုံးဆောင်တွေထည့်တဲ့နေရာ မှာ သုံးနေတဲ့ ယွန်းထယ်တွေနေရာမှာ အတန်အသင့် နေရာ ဝင်ယူပြောင်းလဲ လာခဲ့ပါသေးတယ်။
အဲဒီနောက် ဗဒုံမင်း ၁၈ ရာစုနှစ်လောက်အထိ စဥ့်ထယ်လုပ်သားတွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့ပါတယ်။ အဲဒီနောက် ရတနာပုံ ခေတ်၊ ကိုလိုနီခေတ် အထိ မြန်မာ့အိုးလုပ်ငန်းတွေ အရှိန်ကောင်းနေဆဲပါ။ ၂၀ ရာစုရောက်တဲ့အခါ အစားထိုးစရာတွေ များပြားလာတဲ့အတွက် တဖြေးဖြေး မှေးမှိန်သွားပါတော့တယ်။
မြန်မာ့အိုးသမိုင်း ဆိုတာထက် အိုးနဲ့ပတ်သက်တဲ့ တိုးတက်ဖြစ်ထွန်းမှုကို ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ် ကြည့်တဲ့အခါ အနုပညာလက်ရာ အညံ့ဆုံးအဆင့်မှာ ရှိနေတာကိုတော့ အားမနာတမ်း ပြောချင်ပါတယ်။
အိုးတွေတင်မကပါ။ မြေသား စဥ့်ထယ် ပုကန်၊ ခွက်တွေဟာ ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေနဲ့ ယှဉ်တဲ့အခါ အနုစိတ်လက်ရာ ၊ ကောက်ကြောင်းအလှ နှင့် ဟန်ပန်ဒီဇိုင်း (shape) တွေမှာပါ ဆန်းသစ်မှုအားနည်းတာ တွေ့ရပါတယ်။
သို့ပေမယ့် မြန်မာ့အိုးဟာ ကြီးတယ်၊ ခိုင်တယ် ၊ ခန့်တယ် ဆိုတဲ့နေရာမှာ ဒေသတွင်း အိုးတွေထက် သာတယ်။ အိုးရောင်းတဲ့ အခါ ' အိုးကို တံပိုး (လက်ကောက်ဝက်နီးပါးရှိတဲ့ တုတ်ချောင်း) နဲ့ ဒေါင်ဒေါင်မြည်အောင် ခေါက်ပြ ရိုက်ပြပြီးမှ ရောင်းပါတတဲ့။ အဲလို မြန်မာ့အိုးကြီးတွေဟာ ဘိလပ် အိုးပြပွဲမှာ တခုတ်တရ ထည့်ပြရလောက်အောင် နာမည်ရခဲ့ပါကြောင်း ပြောပါရစိဗျာ။
၀၈၊ ၀၈ ၊ ၂၀၁၃
ပဲခူး ဂယ်လာရီ ပြခန်းဖွင့်ပွဲ အမှတ်တရ။
စာရေးကောင်းတဲ့ဆရာမင်းလူ
15th Aug 2013
ဆရာမင်းလူ.....စာရေးကောင်းတဲ့ဆရာ
min lu_1
mi lun_2
min lu
သမီးငယ်နဲ့ အတူတွေ့ ရတဲ့  ဆရာမင်းလူ
“ဘာတွေဖြစ်ကုန်ကြပြီလဲ”
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..
(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..
မင်းလူ(၁၉၈၉)
“ဘာတွေ ဖြစ်ကုန်ကြပြီလဲ” … တဲ့။ ကဗျာ နာမည်ပါ။
အဲဒီ ကဗျာအတွက် ဆရာမင်းလူကို ဗိုလ်ခင်ညွန့်နဲ့ နောက်လိုက်တပည့် ထောက်လှမ်းရေးတွေက နရသိမ်ပို့ပြီး “သူရဲကောင်းတံဆိပ်” အပ်နှင်းခဲ့ကြဖူးတယ်။
ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)...ဆရာ့ရဲ့ စာလေးပါ
15th Aug 2013
ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)
ပိုက်ဆံကျဲပါဗျို့ ခင်မောင်ညို (ဘောဂဗေဒ)
August 13, 2013 at 10:42am
ဒီတစ်ခေါက် မန္တလေး သွားဖို့ ရှိတာမှာ မိုးတွင်းဆိုတော့ လေယာဉ်ပျံနဲ့ မသွားချင်၊ တံတားဦးနဲ့ မန္တလေးမြို့ထဲကလဲ အလှမ်းသား။ ညကားဆိုရင်လဲ အိပ်ရေးပျက်။ ဒီတော့ လွယ်လွယ်ကူကူ သောကြာနေ့ ထွက်တဲ့ကားကို မင်းဓမ္မလမ်းကနေ စီးတယ်။ သက်တောင့်သက်သာ ချောင်ချောင်ချိချိ ရှိတယ်။ လမ်းမှာ အမျိုးသမီးတစ်ယောက် အပေါ့သွားချင်တယ်ဆိုမှ အိမ်သာမပါမှန်း သိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အိမ်သာတွေ တော်တော်တွေ့ရတာ ကိုယ်တို့လို ဆီး၊ ၀မ်း လွယ်တဲ့သူတွေ အတွက် အဆင်ပြေသား။ အပြန်ဆို ၁၁၅ မိုင် ၀င်မနားပဲ ကျော်လာတော့ လန့်နေတာ၊ နောက်ကျ မိုင် ၇၀ လောက်မှာ ရှိတဲ့ အိမ်သာမှာ ရပ်ပေးတယ်။
မော်တော်ကားမှာ ၀န်ဆောင်တဲ့ မိန်းကလေးက လမ်းမှာ ပစ္စည်းပျေက်ရင် အကြောင်းကြားပါ၊ နီးစပ်ရာ ရဲစခန်းကို တိုင်ပေးမယ်၊ ရှာပေးမယ်တဲ့ဆိုတော့ ပြဿနာနဲ့ အဖြေပါ တပါတည်း တွဲပြီး ပြောထားတာကိုလဲ သဘောကျပါတယ်။ မော်တော်ကားမှာ လေယာဉ်ပျံလို ရုပ်ရှင်ကြည့်၊ ဂိမ်းကစား၊ သီချင်းနားထောင်၊ ရေဒီယို နားထောင် လုပ်လို့ရတာတွေက ကိုယ့်အတွက် မလိုအပ်ပေမယ့် ကားထဲမှာ မြန်မာဇာတ်ကားတွေ ဖွင့်ပြီး နှိပ်စက်ခံရတာကနေ လွတ်မြောက်လို့ ၀မ်းသာရပါတယ်။ တယ်လီဖုန်းနဲ့ ကွန်ပြူတာတွေကိုလဲ အားဖြည့်လို့ ရတယ်။ ဒါပေမယ့် ရေဘူးနဲ့ အအေးဘူးကိုတော့ မတို့ရဲ၊ လမ်းမှာ အန္တရာယ် ဖြစ်မှာစိုးတာကိုး။
ရန်ကုန်က နံနက် ၈.၃၀ အထွက် မန္တလေးမှာ ညနေ ၄.၃၀ လောက် ရောက်တယ်။ အင်တာနက်ပေါ်လဲ တက်လိုက်ရော မန္တလေး ရောက်ပြီလား၊ တွေ့ရအောင်၊ ဆုံရအောင်ဆိုပြီး ပြောကြတော့တာပါ။ နေတဲ့ရက်ကလည်း ခပ်နည်းနည်းမို့၊ အစ်ကိုတစ်ဝမ်းကွဲ မိသားစု၊ ညီ မိသားစု၊ မိတ်ဆွေတစ်ယောက် မိသားစု၊ တပည့်တချို့ကို အပြေးအလွှား တွေ့ရပါတယ်။
ရောက်တဲ့ညနေမှာ တပည့်ဟောင်းတစ်ယောက်နဲ့ သူ့မိတ်ဆွေ တစ်ယောက်က လာကြိုကြတော့ ဘုရားကြီးကို တစ်ခါတည်း ၀င်ဖူးပါတယ်။ ညစာကို သူတို့က ကျွေးတယ်၊ မိတ်ဆွေသစ်က မေးစရာ၊ သိချင်တာတွေကို မှတ်စုစာအုပ်နဲ့ ယူလာပြီး မေးပါတယ်။
တကယ်တော့ အရင်တစ်ခေါက် ဟောပြောပွဲမှာ အဲဒီအကြောင်းအရာတွေ၊ တော်တော်လေး ပြောခဲ့ပြီးသားပါ။ နောက်တစ်ခုက အခြေခံကနေ စပြီး လေ့လာသင်ယူရမယ့် ကိစ္စမျိုးတွေကျတော့ တစ်ထိုင်ထဲ ပြောဖို့ အခက်သား။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေ ဖြစ်ပြီးတဲ့နောက် တိုက်ရိုက်နည်းနဲ့ရော၊ သွယ်ဝိုက်နည်းနဲ့ပါ စီးပွားရေး လုပ်ငန်းတွေ အတော်တန့်ကုန်တယ်ဆိုတဲ့ သတင်းကို အတော်လေး စိတ်ဝင်စားမိပေမယ့် လက်ဆုပ်လက်ကိုင်ရဖို့က အခက်သား။
မန္တလေးနား တစ်ဝိုက်က ဆိုက်ကယ်စီးရင် ဦးထုပ်မပါဘဲ စီးတဲ့ အလေ့အကျင့်တွေ ဖြစ်နေတာမို့ “ဦးထုပ်ဖမ်းတယ်”ဆိုတဲ့ သတင်းကို ဒေသခံ ဆိုင်ကယ်စီးသူတွေက အဓိပ္ပါယ်အကောက်လွဲပြီး ဦးထုပ်ချွတ်ကြ၊ ဦးထုပ်ဖွက်ကြ လုပ်တယ်ဆိုတာ ရယ်စရာ ပြောတာ မဖြစ်နိုင်။ ပညာပေးမှုတွေ၊ စွဲလမ်းနေတဲ့ အလေ့အကျင့်ဟောင်းတွေ၊ အလေ့အကျင့်သစ်နဲ့ အသားမကျသေးတာတွေကို ဖော်ပြတဲ့ သာဓက တစ်ခုပါပဲ။
တောင်ပြုံးမှာ ရှိတဲ့ တူတွေ၊ တူမတွေဆီ အခုတလော အရောက်သွားပါတယ်။ ဒီရက်ပိုင်းမှာ တောင်ပြုံးပွဲတော် စနေပြီဆိုတော့ သွားရခက်မှာ စိုးတယ်။ ဒါပေမယ့် ပွဲတော်ကိုလဲ ကြည့်ချင်ချင်နဲ့မို့ မောင်နှမ နှစ်ယောက်ကို ယောက်ဖလုပ်သူက လိုက်ပို့ပါတယ်။ မန္တလေးက ထွက်ကတည်းက “ပိုက်ဆံကျဲပါဗျို့” ကြားရတာပဲ။ ကလေးရော၊ လူကြီးရော၊ အရွယ်စုံ။ နို့စို့ကလေးတွေတောင် ပါသေး။ တချို့လဲ ဆိုင်ကယ်နဲ့ လာကြပုံ ရတယ်။ နွမ်းပါးပုံ ရတဲ့သူတွေ ပါသလို နွမ်းပါးပုံ မရတဲ့သူတွေလဲ တွေ့ရတယ်။ တောင်ပြုံးအ၀င် စာသင်ကျောင်းမှာက ကလေးတွေ စာသင်နေကြတာ တွေ့ရလို့ ၀မ်းသာမိတယ်။
ပိုက်ဆံကျဲခိုင်းတဲ့သူတွေက အသွားထက် အပြန်မှာ ပိုများတယ်။ ခိုင်းပုံ ခိုင်းနည်းကလဲ ခပ်တင်းတင်း၊ ခပ်မာမာ။ ရှေ့က ကားတစ်စီးက ခေါင်မိုးပေါ်ကနေ ကျဲချလို့ နောက်ကလိုက်တဲ့ကားက လုနေတဲ့သူတွေကို မနင်းမိအောင် သတိထားလိုက်ရတယ်။
တူတွေ၊ တူမတွေက တောင်ပြုံးအ၀င် လမ်းဘေးမှာ နေကြလို့ ကားကို သူတို့ ၀င်းထဲ ရပ်တယ်။ ခဏနားပြီးတော့ ဆုတောင်းပြည့်ဘုရားနဲ့ တောင်ပြုံးမင်းနှစ်ပါးနန်းဘက်ကို သွားကြတယ်။ အ၀င်ကား၊ အပြန်ကားတွေ ညပ်နေတဲ့ကြား၊ မိုးရွာထားလို့ ရွှံ့ဗွက်တွေ ထနေတဲ့ကြားက လူတွေကြား တိုးဝှေ့ပြီး သွားရတယ်။ ပွဲတော်ရက် အစမို့ ဘယ်နေရာမဆို လွယ်လွယ်ကူကူ ရောက်အောင် သွားနိုင်တယ်။ နောက်ရက်တွေဆို လွယ်မယ် မထင်။ မော်တော်ကားနဲ့စာရင် ဆိုင်ကယ်တွေက ဟိုကြားတိုး၊ ဒီကြားတိုး သွားလို့ ပိုလွယ်တယ်။
အရောင်း အသွက်ဆုံးက ကန်တော့ပွဲအတွက် အုန်သီးနဲ့ ငှက်ပျောသီး။ ပြီးရင် ဗောင်းတော်ဆက်တဲ့ ပုဝါစတွေ ဖြစ်မယ်။ ထိုးမုန့်နဲ့ ကရေကရာသည်တွေကလဲ တစ်တန်းကြီး။ မုန့်သိုင်းခြုံတို့၊ ပုဇွန်ကြော်တို့လို စားစရာတွေလဲ ရှိတယ်။ ဘုရားထဲမှာ အ၀စား ထမင်းတစ်နပ် ၅၀၀နဲ့တောင် ရောင်းနေတာ တွေ့ရတယ်။ အညာလက်ရာ ၀ါးနဲ့လုပ်၊ ကြိမ်နဲပလုပ်တဲ့ အသုံးအဆောင်တွေ ရနိုင်သလို တရားခွေ (ဓါတ်ပြား)၊ ရုပ်ရှင်ဇာတ်လမ်း စီဒီတွေ၊ အ၀တ်အစားတွေ၊ တစ်ထည်ကို တစ်ထောင်လောက်နဲ့ ရောင်းနေတဲ့ လျှော့ဈေး ဈေးသည်တွေလဲ တွေ့ရတယ်။ တောင်ပြုံးအထိမ်းအမှတ် ဖန်စီ ရွှေဆွဲကြိုးတွေ ရောင်းနေတဲ့သူတွေ ကိုယ်တိုင်တော့ တောက်တောက်ပြောင်ပြောင် မရှိလှ။ တောင်ပြုံးအမှတ်တရ စွပ်ကျယ်တွေ၊ ကလေးအ၀တ်အထည်တွေလဲ တွေ့ရတယ်။
တောင်ပြုံးမင်းနှစ်ပါး ဂုံညင်း (ဒိုး) ထိုးခဲ့တဲ့ သင်္ကေတ ဂုံညင်းဒိုး၊ ဒိုးဆံတွေ အပြင် မနှဲလေးနတ်အတွက် ဖိနပ် ပေါက်စနလေးတွေကိုလဲ တွေ့နိုင်တယ်။
ဘယ်သူ ဘာပြောပြော ဒီရောက်လာတဲ့သူ အတော်များများဟာ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတဲ့သူတွေပါပဲ။ အပြန်လမ်းမှာ နတ်ပန်းတွေ တဝေေ၀နဲ့ ယုံကြည်စိတ်ချမှုတွေ ပိုတိုးလာပုံ ရရဲ့။
တောင်ပြုံး အသွား ကားလမ်းဘေးမှာ စိမ်းစိုနေတဲ့ လယ်ခင်းတွေ၊ အဝေးက ရှမ်းတောင်တန်းတွေ၊ ၀င်းမှည့်နေတဲ့ စပါးခင်းတွေ၊ လမ်းဘေးက ထန်းပင်လှလှတွေကို အာရုံရောက်နိုင်တဲ့သူတော့ သိပ်များများစားစား ရှိမယ် မထင်။ ဒေသခံတွေ အတွက်ကတော့ တစ်ရက်ကို သိန်းချီပြီး ၀င်ငွေ ရှိတဲ့သူတွေက အစ အနိမ့်ဆုံး သောင်းဂဏန်းအထိပါ ၀င်ငွေ ရကြတာဆိုတော့ သူတို့အတွက် ဘိုးတော်ညီနောင်ဆိုတာ တကယ် “မစ”တဲ့ ပုဂ္ဂိုလ်တွေပါ။
နည်းနည်းထော်လော်ကန့်လန့် နိုင်တဲ့ ကိစ္စကတော့ ၀က်တွေ၊ ၀က်သားတွေကို မုန်းတဲ့ ကိုယ်တော်ကြီးနှစ်ပါးရဲ့ ပိုင်နက်မှာ ၀က်သား အလွန်ကြိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြက်တွေ၊ ငါးတွေ မွေးမြူရေး လုပ်ငန်းတွေက အခန့်အထည် ရပ်တည်နေနိုင်တာပါ။ သူတို့ကတော့ ပွဲတော်ရက်တွေ၊ ပိုက်ဆံကျဲပါဗျို့တွေ စိတ်ဝင်စားမယ် မထင်။
မန္တလေးက အိမ်ဈေး၊ မြေဈေးတွေ တက်တာ၊ အဲဒီက ဆင့်ပွား အကျိုးသက်ရောက်မှုတွေ ရတာဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အိမ်က ကိုယ်တော်လေး နှစ်ပါးရဲ့ အမျိုးအနွယ်တွေနဲ့ မဆိုင်ပဲ အရှေ့ဘက်အိမ်က ၀င်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆိုင်မယ် ထင်ပါရဲ့။
မန္တလေးရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက် ကုန်သွယ်မှုမှာ အရှေ့ဘက်ခြမ်းက တရားဝင်ရော၊ တရားမ၀င် ကုန်သွယ်မှုတွေပါ အနောက်ဘက်ခြမ်းထဲ ပိုပြီး မြင့်မယ် ထင်ပါတယ်။
တကယ်လို့ မန္တလေးနဲ့ မြန်မာ စီးပွားရေးကို ဟိုတုန်းက အနောက်ဘက်က ၀င်လာတဲ့သူတွေက လွှမ်းမိုးနိုင်တယ်ဆိုရင် အခု ဘယ်လောက် လွှမ်းမိုးနိုင်သလဲ။ နှစ်ပေါင်းများစွာ အနောက်ဘက်က ၀င်လာတဲ့သူတွေနဲ့ ပြဿနာ မဖြစ်ခဲ့ကြသလို အရှေ့ဘက်က လူတွေနဲ့လဲ တရင်းတနှီး ဆက်ဆံခဲ့ကြတာ မဟုတ်လား။ နောက်မှ ၀င်လာတဲ့သူတွေနဲ့ ရှေ့က ၀င်တဲ့သူတွေ ဘယ်လို ခြားနားကြသလဲ။ ဘယ်လို ကုန်သွယ်ရေးတွေ လုပ်နေကြသလဲ?
တောင်ပြုံးမှာ ရောက်နေတုန်း ထူးဆန်းတာ တစ်ခုက ကိုယ့်ကိုလဲ ဘယ်သူမှ ဖုန်းခေါ်လို့ မရ၊ ကိုယ်ကလဲ ဘယ်သူ့မှ ဆက်သွယ်လို့ မရ။ ဒါပေမယ့် အင်တာနက် ဖွင့်ကြည့်ပြီး အပြန်အလှန် သတင်းစကားတွေ ပို့ကြရင်းနဲ့ အဆက်အသွယ် မပြတ်ပါဘူး။ တယ်လီဖုန်း ဆက်မရပေမယ့် အင်တာနက် သုံးလို့ ရနေတာဟာ အနောက်ဘက်က လာတဲ့သူတွေရဲ့ ကျေးဇူးလား၊ အရှေ့ဘက်က လာတဲ့သူတွေရဲ့ ကျေးဖူးလား ဆိုင်၊ မဆိုင် မပြောတတ်ပေမယ့် အတွေးခေါင်ခဲ့မိကြောင်းပါ။ သူတို့က ကျွန်တော်တို့ကို ပိုက်ဆံကျဲမှာလား၊ ကျွန်တော်တို့က သူတို့ကို ပိုက်ဆံကျဲမှာလား?
Credit to : (sayar) ခင်မောင်ညို (ဘောဂဗေဒ)
Thursday, May 9, 2013
ဂျကာတာမြို့ရှိ မြန်မာ သံရုံး  ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှု
From : ..mwd
အင်ဒိုနီးရှား နိုင်ငံရှိ မြန်မာ သံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင် ခဲ့သည့် ဗုံးပြုလုပ်သူ တစ်ဦးအား ရဲတပ်ဖွဲ့ ရှာဖွေလျက်ရှိ
အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ အကြမ်းဖက် တန်ပြန်တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော Densus 88 အဖွဲ့သည် ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်ပတ်သက် ခဲ့သည့် အသက် ၂၃ နှစ်အရွယ်ရှိ ပြည်တွင်းဖြစ် ဗုံးပြုလုပ်သူ အမျိုးသား တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဂျကာတာမြို့ရှိ မြန်မာသံရုံအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် SIဟု အမည်ဝှက် ပေးထားသည့် အဆိုပါ အမျိုးသားက အကူအညီ ပေးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာဖေးလ် အမာက မေ ၆ ရက်တွင် ပြောကြားထားသည်။SI သည် အသက် ၂၈ နှစ်အရွယ် ဆီဖာရီ အာနိုနှင့် အသက် ၂၉ နှစ်အရွယ် အက်ခ်ျမက်ဒ် တက်ဖစ်တို့ နှစ်ဦး နှင့်အတူ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ပြည်တွင်းဖြစ် ဗုံးငါးလုံးကို ကြိုတင်ပြင်ဆင် ခဲ့သည်ဟု သိရသည်။
ထို့နောက် ဆီဖာနှင့် တက်ဖစ်တို့ နှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေ ၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပြည်တွင်းဖြစ် ဗုံးငါးလုံး ထည့်သွင်း ထားသော ကျောပိုးအိတ် တစ်လုံးကို Densus 88 အဖွဲ့က သိမ်း ယူ ခဲ့ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဆီဖာ၏ ဇနီးဖြစ်သူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်း ဝင်ရောက်၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း များ ဖြစ်သည်ဟု ယူဆရသော ဓာတု ပစ္စည်းများ၊ ဘက်ထရီများနှင့် အခြားလက်နက် ခဲယမ်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်ဘွိုင်းက ပြောကြားခဲ့သည်။
ထို့နောက်SI တည်ရှိမည့်နေရာကို သိရှိစေရန် ၎င်း၏ မိသားစုဝင် လေးဦးကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဘွိုင်းက ဆက်လက် ပြောကြားခဲ့သည်။
၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်:
From : ..the voice
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယအကြိမ် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင် ရောင်းချနိုင်မည်ဟု မျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအတည်ပြုသည်။ ယင်းကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ဖုန်းလိုင်းမမိသည့် နေရာများနေသဖြင့် GSM ဖုန်းများကိုသာ အမြန်ဆုံး ရောင်းချပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နေ ဒေသခံတစ်ဦးက ပြောကြားသည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တပ်ဆင်သည့် CDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းကတ် သုံးသိန်းငါးသောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် မဲဖောက်ရောင်းချပေးခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ယင်းဖုန်းလိုင်းကတ်များမှာ နေရာကိုလိုက်၍ ကျပ်သုံးသောင်းဝန်းကျင်မှ ကျပ်ခြောက်သောင်းဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ သည်။