Friday, March 9, 2012

ပြုပြင်ထားသောအသား လွန်ကဲစွာစားသုံးလျှင် သရက်ရွက်ကင်ဆာ ဖြစ်မည်

ပြုပြင်ထားသောအသား လွန်ကဲစွာစားသုံးလျှင် သရက်ရွက်ကင်ဆာ ဖြစ်မည်



သဘာဝမဟုတ် ပြုပြင်ထားသော ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နှင့် အကင်ကဲ့သို့သော အစားအစာများကို လွန်ကဲစွာစားသုံးသူများသည် သရက်ရွက် ကင်ဆာဖြစ်နိုင်ခြေ ရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။
”ဒီခေတ်မှာ စားသောက်မှုပုံစံတွေက အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာတဲ့အပေါ် လူတွေရဲ့ သက်တမ်းကလည်း ပိုတိုလာတာတွေ့ရတယ်။ ဘယ်အစားအစာမျိုးကိုမဆို ကျက်အောင်ချက်ပြုတ် စားသောက်တာ အကောင်းမွန်ဆုံးပဲ။ အဆင်သင့် စားသုံးလို့ရတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်စားတာထက် ပိုမခင်တွယ်သင့်ပါဘူး”ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစန်းထွေးကပြောသည်။
လေ့လာချက်များအရ တစ်နေ့ကို ပြုပြင်ထားသည့် ဝက်သား၊ အမဲသား ၅ဝ ဂရမ်စားသုံးပါက သရက်ရွက်ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းမြင့်တက်လာနိုင်ပြီး၊ ၁ဝဝ ဂရမ်စားသုံးပါက ၃၈ ရာခိုင်နှုန်း အထိ ဖြစ်ပွားစေနိုင်ကြောင်း ၄င်းကပြောသည်။
”ဝက်သား၊ အမဲသားကို သဘာဝမဟုတ်ဘဲ နီရဲအောင် ယမ်းစိမ်း၊ ဓာတုဆိုးဆေးတွေနဲ့ ပြုပြင်ထားတဲ့အတွက် ဒီပစ္စည်းတွေရဲ့ ဆိုးကျိုးအနေနဲ့ သရက်ရွက် ကင်ဆာ ဖြစ်ပွားစေရတာပဲ။ ဆေးလိပ်သောက်တာကလည်း အသားစားထာထက်ပိုပြီး သရက်ရွက်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်တယ်” ဟု ၄င်းက ဆက်လက်ပြော သည်။
ကင်ဆာရောဂါများထဲမှ သရက်ရွက်ကင်ဆာ ဖြစ်ပွားနှုန်းသည် အခြားသောဖြစ်ပွားစေနိုင်သည့် ရာခိုင်နှုန်းထက် အဖြစ်နည်းသော်လည်း မဖြစ်အောင် ကြိုတင်ကာ ကွယ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း ၄င်းက အကြံပြုသည်။

 

No comments:

Post a Comment