Friday, March 9, 2012

ရောဂါမဖြစ်လျှင် ကျန်းမာရေးမစစ်

မြန်မာအများစုသည် ရောဂါမဖြစ်လျှင် ကျန်းမာရေးမစစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံသားအများစုသည် ရောဂါမရှိဘဲ ဆရာဝန်ထံ သွားရောက်ပြသစစ်ဆေးမှု ခံယူစရာမလိုဟု လွဲမှားစွာ ယုံကြည်မှု လွန်ကဲနေကြဆဲဖြစ်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာဦးစိုးညွန့်က ပြောသည်။
”အများစုက ရောဂါတစ်ခုခု ရှိမှ ဆရာဝန်ပြတယ်။ ဆရာဝန်က လက်ရှိရောဂါနဲ့ ဆက်စပ်တဲ့ရောဂါတွေကိုသိဖို့ ဆေးစပ်ခိုင်းမှပဲ မလွှဲမရှောင်သာလုပ်တယ်။ ဒီတော့မှ တခြားရောဂါတွေကို စစ်ဆေးတွေ့ရှိတာမျိုးပဲ ရှိတတ်တယ်”ဟု ၄င်းကပြောသည်။
ယင်းသို့ ရောဂါတွေရှိသည့် အခါကျမှသာ ဈေးကြီးသော ဆေးကောင်းများဖြင့် ငွေမည်မျှကုန်ကုန် ကုသပေးပါရန် ဆရာဝန်များအား ပြောဆိုကြကြောင်း ဒေါက်တာ ဥိးစိုးညွန့်က ပြောသည်။
မိမိ၏ ကျန်းမာရေးကို အကုန်အကျနည်းစွာဖြင့် သိနိုင်သော စစ်ဆေးနည်းများဖြစ်သည့် ဆီးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးထဲရှိ ကိုလက်စထရောနှင့် အဆီဓာတ် ပမာဏကို စစ်ခြင်း၊ ရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ချိန်ကြည့်ခြင်း၊ ECG ရိုက်ခြင်း စသည်တို့ကို မှန်မှန် ပြုလုပ်သင့်သည်ဟု ၄င်းကဆိုသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ကုမ္ပဏီများသည် ၄င်းတို့၏ ဝန်ထမ်းများအား ၆ လတစ်ခါခန့် အထွေထွေကျန်းမာရေး စစ်ဆေးမှုကို မလုပ်မနေရစနစ်ဖြင့် ငွေကြေးကျခံကာ ပြုလုပ် ပေးသည်ဟု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။
”သူတို့ လုပ်ပေးတဲ့ အဓိက ရည်ရွယ်ချက်က အဖွဲ့အစည်းရဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှု အန္တရာယ် ကာကွယ်ဖို့ အတွက် ဒီစနစ်က လူတစ်ဦးအတွက်ရော ကုန်ထုတ်စွမ်းအားကောင်းဖို့အတွက် ရော အကျိုးရှိတဲ့ အတွက် အတု ယူသင့်တယ်”ဟု ၄င်းကပြောသည်။

No comments:

Post a Comment