ကော်လက်စထရော အဆီကျ ဆေးများအတွက် သတိပေးချက် ထွက်ပေါ်လာ
ကော်လက်စထရော
အဆီကျဆေး များကို ဆက်တိုက် သောက်သုံးနေ သူများသည် ကြွက်သားများ နာကျင်
ကိုက်ခဲစေသော ဝေဒနာများနှင့် မှတ်ဉာဏ် ချွတ်ယွင်းမှု ပင်ဖြစ်လာနိုင်ကြောင်း
ဆေးသုတေသီ များ၏ လေ့လာချက် အစီရင်ခံစာ ဖြစ်သည့် ‘Safety Alerts Cite
Cholesterol Drugs’ Side Effects” တွင် ဖော်ပြထားသည်။
လေ့လာ အကြံပြုချက်များ အရ အချို့သော ဆေးသောက်သုံးသူ တို့၏ သွေးထဲတွင် သကြားပါဝင် နှုန်းပို၍ များလာကြောင်း တွေ့ရှိခဲ့ ကြသည်။
၎င်းတွေ့ရှိချက်ကို ဆေးဝါးထိန်း ချုပ်ရေးအဖွဲ့ FDA မှ သဘောတူညီမှု ရရှိခဲ့ပြီး ၄င်းကော်လက်စ ထရော အဆီကျ ဆေးဝါးများနှင့် ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန် ခဲ့သည်။ အချို့လူနာများမှာ မကြာခဏ သတိမေ့လျော့မှု ရှိလာ ခြင်း၊ စိတ်ရှုပ်ထွေးနေ သလို ခံစား နေရခြင်း ဖြစ်နေတတ်သည်။
ဆေးဝါး ဈေးကွက်တွင် ၄င်း အဆီကျ ဆေးဝါး အများဆုံး ဖြစ်နေပြီး ရောင်းအားကောင်းသော ဆေးအမျိုးအစားများမှာ Lipitor, Zocor, Crestor နှင့် Vytorin တို့ဖြစ်သည်။ ထိုဆေးဝါး များမှာ အဓိက နှလုံးရောဂါ မဖြစ်ပွားစေရန် ကာကွယ် တားဆီးနိုင်သော သတ္တိ ရှိသည့် ဆေးများ ဖြစ်သည်။ အချို့သော အမြဲ သောက်သုံး သူများသည် ဆီးချို ရောဂါပင် ဖြစ်လာနိုင် သောကြောင့် ဆေးသောက်ပြီး ဘေးထွက် ဆိုးကျိုး အခြေအနေများ ကို သတိထား စောင့်ကြည့် သောက်သုံးအပ်ကြောင်း FD A မှ အကြံပြု ထားသည်။

No comments:
Post a Comment