စာရေးဆရာကြီး သော်တာဆွေ ကွယ်လွန်ခြင်း ၁၇ နှစ်မြောက် ဂါရဝဒါနပွဲ ကျင်းပ
စာရေးဆရာကြီး သော်တာဆွေ ကွယ်လွန်ခြင်း ၁၇ နှစ် မြောက် အမှတ်တရ ဂါရဝဒါနပွဲကို မတ်လ ၂ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ် နီလာလမ်းထိပ် ရှိ သာသနာ့ ဝိသုဒ္ဓိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဆရာကြီးသော်တာဆွေ၏ တပည့် စာရေးဆရာကြီး သုဝဏ္ဏ ကျော်စိန်က ဦးဝိလာသ ကလောင် အမည် ရဲဝေအောင် (လေးမည်) အား ငါးသောင်းတန် သုတ၊ ရသ၊ စာပေများကို လှူဒါန်းခဲ့ပြီး စာရေးဆရာ လင်းယုန်မိုးသစ်၊ ဆရာ နေမင်းကိုနှင့် ချမ်းသာ စာပေ တိုက်ပိုင်ရှင် ဦးရဲမြင့်တို့က သုဝဏ္ဏကျော်စိန် စာကြည့်တိုက် အတွက် စာအုပ်များ ကို လှူဒါန်းခဲ့ကြသည်။
အဆိုပါပွဲသို့ ဆရာ သော်တာဆွေနှင့် ခေတ်ပြိုင် စာရေးဆရာကြီး များ တက်ရောက်ခဲ့ပြီး ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း၊ ဆရာကြီး သောကြာ ဦးမောင်ကလေး၊ ဆရာကြီး ရဲဘော်ကျော်ဆန်း စသော ကန်တော့ခံ စာပေပညာရှင်ကြီးများနှင့် ဦးခင်ဇော်(မရမ်းကုန်း)တို့က အမှတ်တရ စကားများ ပြောကြားခဲ့သည်။
No comments:
Post a Comment