Friday, March 9, 2012

၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်

ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် GSM ဖုန်းများ ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်

ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် GSM ဖုန်းများ ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် GSM ဖုန်းများ ချပေးမည်ဟု ထပ်မံသတင်းထွက်ပေါ်လာသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ GSM ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့် ချထားပေးရန် ရှိသည်ဟု သိရှိရပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအတွင်း ပြန်လည်ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် GSM ဖုန်းတစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲလျာထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ထပ်မံပြောကြားချက်အရ သိရှိရသည်။
GSM ဖုန်းတွေရဲ့တန်ဖိုးတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နှင့်အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေသုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆ နေပါတယ် ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည်ဟု သတင်းထွက်ပေါ်နေသည့် GSM ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Ref : Weekly Eleven

No comments:

Post a Comment