Friday, June 8, 2012

လောပိတ လျှပ်စစ်ဓာတ်အားပေး စက်ရုံ

လောပိတ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဂျပန်ပညာရှင် အဖွဲ့မှ ပြုပြင်မည်


လောပိတ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဂျပန်ပညာရှင် အဖွဲ့မှ ပြုပြင်မည်မြန်မာနိုင်ငံ အတွင်းရှိ သက်တမ်း နှစ် ၅၀ ဝန်းကျင် ရှိသော လောပိတ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ပြုပြင် ထိန်းသိမ်းရန် အတွက် ဂျပန် ပညာရှင် အဖွဲ့မှ လာရောက်၍ ပြုပြင် မှုများ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“လောပိတ ရေအားလျှပ်စစ် စက်ရုံက သက်တမ်းကြာပြီဖြစ်တာကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ လုပ်တာပါ။ အခုလို ပြုပြင်တော့ လက်ရှိထက်အချိန်အကြာကြီး အသုံး ပြုနိုင်မှာပါ ” ဟု အမှတ်(၂) လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိ တစ်ဦးက ပြောသည်။
အဆိုပါ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈၀ ထိ ထွက်ရှိပြီး ၄င်းကိုပြုပြင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ လို အပ်သော လေ့လာမှုများကို ပြုလုပ် ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
“ ဒီစက်ရုံကို အခုလို ပြုပြင် မှုတွေ လုပ်တာက အရမ်းကောင်းတဲ့ ဆောင်ရွက်မှုပါ။ လောပိတ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မြန် မာပြည်အတွက် အလွန် အသုံးဝင်တဲ့ စက်ရုံတစ်ခုလည်း ဖြစ်ပါတယ် ” ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆို သည်။
လောပိတဓာတ်အားပေးစက် ရုံကို ပြုပြင်မှုများပြုလုပ်ပြီးပါကလည်း ယခင်ထွက်ရှိသော မဂ္ဂါဝပ် ၁၈၀ သာ ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း လက်ရှိသက်တမ်းထက် ကြာမြင့်စွာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း သိရ သည။

No comments:

Post a Comment