Saturday, June 9, 2012

ကြက်ရင်အုပ်

ကြက်ရင်အုပ်က ဘာကြောင့်ပိုငန်ရသလဲ


ကြက်သား ထုတ်လုပ်သူ တွေက သူတို့မွေးမြူ ထားတဲ့ ကြက်များ ပိုပြီး အနံ့ အရသာ ကောင်းကာ နူးညံ့ စေရန် အတွက် ကြက်ရင် အုပ်ထဲကို ဆေးရည် များ ထိုးထည့်လေ့ရှိပါတယ်။ အဲဒီဆေးရည်ထဲမှာ ဆိုဒီယမ်ပမာဏ မြင့်မားစွာ ပါဝင်လေ့ရှိတယ်လို့သိရပါ တယ်။ ၉ အောင်စ အလေးချိန်ရှိတဲ့ ကြက်ရင်အုပ်တစ်ခုထဲမှာ ပုံမှန်အားဖြင့် ဆိုဒီယမ်ဓာတ် ၅၀-၆၀ ဂရမ် ပါဝင် လေ့ရှိသော်လည်း ဆေးရည်ထိုးထည့် လိုက်ခြင်းကြောင့် ဆိုဒီယမ်ပမာဏ ၄၈၀ ဂရမ်ထိ ပါဝင်သွားလေ့ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် သူတို့နိုင်ငံ တွေမှာ ရောင်းချတဲ့ ကြက်ရင်အုပ် တွေငန်တာဟာ အားလုံးသဘာဝ အတိုင်းဖြစ်သည်ဆိုတဲ့ All Natural ဆိုသည့်စာတန်းပါမှသာလျှင်အငန် ဓာတ်လွန်ကဲမှာမဟုတ်ကြောင်း သိရပါ တယ်။ Ref: Men's Health Oct, 2011

No comments:

Post a Comment