Mediafire ဆိုက်အကြောင်းနှင့် ရင်ထဲကပြောချင်တာလေးများ
- ပထမဦးဆုံး www.co.cc Free Domain name ဆိုက်ပါ. Free အမြဲပေးမယ်ပြောပြီးတော့ နောက်ဆုံး လူသုံးများလာတော့ တစ်နှစ်ပဲ free ပေးပြီးတော့ နောက်နှစ်တွေမှာ ၀ယ်ခိုင်းပါတော့တယ်. လူသုံးများလာတာနဲ့ တန်းပြီးတော့ ရောင်းစားကြတော့ တာပါပဲ.
- ဒုတိယက www.ning.com ဆိုက်နဲ့ http://grou.ps ဆိုတဲ့ social network ဆိုက်နှစ်ခုပါ. Free ပေးခြင်း၊ ဆိုက်ဒီဇိုင်းအပြင်အဆင် theme ဒီဇိုင်းလှပခြင်း၊ member များကို အဆင့်များ တိုးပေးနိုင်ခြင်းနှင့် ထိန်းချုပ်ထားနိုင်ခြင်း တို့အပြင် chat room ကိုပါ ထည့်ပေးထားခြင်းတို့ကြောင့် လူသိများပြီး အသုံးများလာကြပါတယ်. မကြာပါဘူး. လူသုံးများလာ တာနဲ့ ရောင်းစားတော့တာပါပဲ. အဲ့ဒီ့မှာ အရင်တုန်းကတည်းက လုပ်ထားတဲ့ ဆိုက်ပိုင်ရှင်များ ဒုက္ခများကုန်တော့တာပါပဲ. member တွေက များတော့ နှမျှောပြီးတော့ ဆိုက်ကို domain name နဲ့ ပြန်ပြီး ၀ယ်ချင်ကြရော၊ ၀ယ်ဖို့အဆင်ပြေတဲ့သူများ အတွက် မခက်ခဲပေမယ့်. ၀ယ်ဖို့မလွယ်ကူသူများ၊ ငွေပေးချေမှု့ အဆင်မပြေသူများကြောင့် ဆိုက်ကို ဒီအတိုင်းထားထား လိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတဲ့ ဆိုက်တွေလည်း အများကြီးရှိပါတယ်.
- အခုတတိယကတော့ www.mediafire.com ပါပဲ. အားလုံးက အားကိုးနေရတဲ့ ဆိုက်ဖြစ်လို့ Mediafire ဟေ့ ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ. hosting ထဲမှာ နာမည်ကြီးတာ ၂ ဆိုက်ရှိပါတယ်. တစ်ခုက www.megaupload ပါ. တစ်ခြား hosting ဆိုက်တွေမှာ အတူတူတင်ထားတဲ့ကြားက ဖိုင်တွေ အဖျက်ခံရတာတို့ ပျက်သွားတာတို့ ရှိခဲ့ရင်တောင် megaupload ဆိုက်က ဖိုင်ကတော့ download လုပ်လို့ရနေပါသေးတယ်. အဲ့ဆိုက်ကတော့ အခု အရေးယူခြင်းခံနေရပါပြီ. ဒုတိယ ဖိုင်ကို ကာလကြာရှည်စွာ သိမ်းပေးထားနိုင်တဲ့ဆိုက်ကတော့ အားလုံးသိကြတဲ့ Mediafire ပါ. Mediafire ဆိုက် လည်းပဲ. အရင်ကလို မဟုတ်တော့ပါဘူး. ရှေ့က သူတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားပါပြီ. Free user တွေဆိုရင် copyright ငြိလို့ ဖျက်တာနဲ့ Download လုပ်တဲ့သူ မရှိလို့ ဖျက်တာနဲ့ ပျက်ပျက်သွားတတ်ပါတယ်. အခုကတော့ နည်းနည်းဆိုးတယ်လို့ ပြောလို့ရပါတယ်. Free user အနေနဲ့ တင်ထားတဲ့ ဖိုင်တွေကိုတော့ ဖျက်ချင်ဖျက်ပစ်နိုင် ပေမယ့် တစ်လကို US 9$ ပေးပြီး premium Member အနေနဲ့ လစဉ် ငွေပေးချေနေတဲ့ သူများအတွက် ကိုတော့ဖြင့် အမြဲတမ်း ဖိုင်တွေကို သိမ်းထားပေးပါမယ်လို့ ကြေငြာထားပါတယ်. အခုဆိုရင် ကျွန်တော် mediafire မှာ ဒီနေ့တင်ရင် နောက်နေ့ download လုပ်လို့ မရတော့ ပြန်ပါဘူး. တစ်လကို 9$ ပေးဖို့က သိပ်မခက် ပေမယ့်လို့. တစ်လတစ်လကို ကျွန်တော့်အတွက် တောင်းဆိုထားတဲ့ software တွေကို တင်ပေးဖို့ ၀ယ်ထားရတဲ့ premium account တွေ၊ domain name နှစ်စဉ်ကြေးတွေဟာ အားလုံး အိတ်စိုက်ချည်းပါပဲ။ စာအုပ်တွေ ၀ယ်တာတွေ အင်တာနက်လိုင်းဖိုးတွေ မပါသေးပါဘူး. ဒါတွေကို ဘာလို့ပြောပြနေတာလဲလို့ မေးရင်. တစ်ချို့တွေတော်တော်များများက ကျွန်တော် ဒီဝဘ်ဆိုက်ကို ရေးနေတာ ပိုက်ဆံတွေရနေတယ် ထင်နေလို့ ပြောပြတာဖြစ်ပါတယ်. ပိုက်ဆံမရတဲ့အပြင် အိတ်ဆိုက်ပြီး ပညာဒါန ပြုပေးနေတာပါ. ဒီကြားထဲ သူငယ်ချင်းတစ်ယောက်က အကြံပေးလို့ File hosting ဆိုက်တစ်ခု ၀ယ်ပြီးတော့ ကိုဝယ်ထားတဲ့ hosting ဆိုက်ကနေပဲ download link ချပေးမယ်ပေါ့. အဲ့အတွက် ဆိုက်ကနေ လှူချင်တဲ့သူများ ရှိရင် လှူလို့ရအောင် paypal bottom လေး ထည့်ထားလိုက်ကြည့်ပါလားဆိုလို့ ထည့်လိုက်မိပါတယ်. ၂ ရက်မပြည့်ပါဘူး. အင်းညီနေမင်းလည်း ၀ဘ်ဆိုက်ကို ဘန်းပြပြီးတော့ အလှူခံတတ်နေပြီနော် လို့ ပြောရက်တဲ့သူတွေလည်း ရှိပါသေးတယ်. ကျွန်တော် ဒီလိုလုပ်တာ ကိုယ်ကျိုးတစ်ခုမှ မပါပါဘူး. ညီနေမင်း အခုအချိန်အထိ သူများ မပေးချင်တဲ့ပစ္စည်း၊ မပေးချင်တဲ့ ပိုက်ဆံကို ဘယ်တုန်းကမှ မယူခဲ့ပါဘူး. ကွန်ပျူတာ၊ printer ပြင်တာ နဲ့ တစ်ခြား service တွေကိုတောင်မှ သူများ(၈၀၀၀)ယူရင် ကျွန်တော် (၇၀၀၀)ပဲ ယူတာပါ. အဲ့(၇၀၀၀)မှာ ဘာတွေပါသလဲဆိုရင် လိုချင်တဲ့ Software (or) Games တွေကို စက်နိုင်တယ်ဆိုရင် တင်ပေးတဲ့အပြင် Kaspersky internet security 2012 ကို update 100% ပြည့်အောင်အထိ လုပ်ပေးလိုက်ပါသေးတယ်. kaspersky ပထမဦးဆုံး update လုပ်တာ ဘယ်လောက်ကြာတယ် မကြာဘူးဆိုတာတော့ သုံးဖူးတဲ့သူတိုင်း ပြောပြစရာတောင် လိုမယ်မထင်ပါဘူး. ရိုးရိုး dial up နဲ့ဆိုရင် တစ်နေကုန်ကို update လုပ်ရပါတယ်. ဒီမှာ အင်တာနက်က နာရီ ၂၀ ကို ၁၀၇ ဘတ် ပေးရပါတယ်. မြန်မာငွေနဲ့ဆိုရင် ၃၀၀၀ နည်းပါပဲ ဆိုပါတော့ဗျာ. ပိုက်ဆံတောင်းတဲ့ အချိန်မှာလည်းပဲ ၇၀၀၀ သာ တောင်းတာ ပေးတဲ့သူက နည်းနည်း ဈေးများတဲ့အနေအထားမျိုး စကားဦးသန်းလာရင် ၅၀၀၀ လောက်နဲ့ပဲ ယူလိုက်ပါတယ်. လာပြီးပြင်တဲ့ customer တွေ ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့ ငွေကိုပဲ ခုချိန်အထိ ယူခဲ့တာပါ. အပြင်မှာလည်း ဒီလို ၀ဘ်ဆိုက်ပေါ်မှာလည်း ဒီလိုပါပဲ. အဲ့လို ၀ဘ်ဆိုက်ကို ဘန်းပြပြီး အလှူခံတတ်နေပြီနော်လို့ ပြောပြီးကတည်းက Donate အစား ၀ဘ်ဆိုက်အပ်ရင် ပေးလို့ရအောင် Pay with Baht and Pay with $ ဆိုပြီးတော့ ခေါင်းစဉ်ပြောင်းလိုက်တာပါ. အခုသင်တဲ့ သင်တန်းကလည်းပဲ ဘယ်လောက်အထိ အပင်ပန်းခံပြီး သင်တယ်၊ ဘယ်လောက်အထိ စေတနာထားပြီးလုပ်တယ်ဆိုတာ လာသင်တဲ့ သင်တန်းသားတိုင်း သိနေကြမျာပါ. ပိုက်ဆံ မတတ်နိုင်ရင် မတတ်နိုင်သလိုမျိုး စီစဉ်ပေးပါတယ်. ခုအချိန်အထိ သင်တန်းသာ ပြီးသွားတယ်. ပိုက်ဆံ ၂၅၀၀၀ လောက်နဲ့ ပြီးသွားတဲ့ သူတွေလည်း ရှိပါတယ်. သင်တန်းလာအပ်ရင်လည်း ငွေကြေးထက် သင်တန်းရဲ့ စည်းကမ်းနဲ့ ကွန်ပျူတာ ပညာကို မဖြစ်မနေ လေ့လာထားသင့်ကြောင်း ဥပမာတွေပေးပြီး ပြောပြပေးပါတယ်. သင်တန်းကြေးကို ပထမ course ကို သူများတွေ ၅၀၀၀၀ ယူလို့ ကျွန်တော် ၄၅၀၀၀ ပဲ ယူထားတာ များတယ်လို့များတော့ မအောက်မေ့လိုက်နဲ့နော်. ဒီမှာ မီတာ တယူနစ်ကို မြန်မာငွေ ၄၃၀-၄၅၀ ကြားရှိတယ်. တစ်လတစ်လကို ဆိုင်ခန်းခ မီတာခနဲ့ကို ၃ သိန်းလောက်ရှိတယ်. မလွယ်ဘူး. ဒီမှာ တစ်နှစ်လောက် သင်တန်းက သင်တန်းသားတွေကို ကိုစွမ်းအားရှိသလောက် မွေးထုတ်ပေးခဲ့ပြီးရင် တစ်ခြား နေရာတွေကိုလည်းအဲ့လိုပဲ ပြောင်းပြီး သင်ပေးဖို့ အစီအစဉ်ရှိပါတယ်. ဒါကျွန်တော် မသေခင် အဖြစ်ချင်ဆုံး ဆန္ဒပါ. လူဆိုတာ တစ်နေ့တော့ သေမှာချည်းပါပဲ. ကိုမသေခင် အတတ်နိုင်ဆုံး ကောင်းတာလေးတွေလုပ်ပြီး အများစိတ်ချမ်းသာအောင် ကူညီပေးပြီး ကုသိုလ်တွေကို တမလွန်အထိ သယ်သွားချင်လို့ အခုလိုမျိုး ဒုက္ခခံပြီး လုပ်ပေးနေတာပါ. ၀ဘ်ဆိုက်ကနေ ပိုက်ဆံ ရလို့မဟုတ်ပါ. ညီနေမင်း ပါးစပ်ပေါ်မြက်ပေါက်သွားပါစေ. သူများစေတနာမပါပဲ ပေးတဲ့ ပိုက်ဆံကို ခုချိန်အထိ ယူဖို့ စိတ်ကူးထဲတောင် မထည့်ဘူးဆိုတာကိုတော့ သိထားစေချင်ပါတယ်. အဲ့လိုခေါင်းမာလို့လည်း www.nyinaymin.com နာမည်နဲ့ ပထမ ၀ဘ်ဆိုက် ဆုံးရှုံးခဲ့ရတာပါ. ကျွန်တော် ဒီလိုပြောလိုက်လို့ အားလုံးရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေတာတွေ ရှင်းသွား လိမ့်မယ်လို့ မျှော်လင့်ပါတယ်. အခုလည်းပဲ File share hosting ဆိုက်တွေကို အကုန်လုံး လိုက်ပိတ်တာမျိုးတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ကိုညီနေမင်းလို့ မေးတဲ့သူတွေ ရှိပါတယ်. ကျွန်တော် တတ်နိုင်တဲ့ ငွေအား လေးနဲ့တစ်ဖက်ကနေ ကူညီပေးနေ တဲ့ ကိုစောနဲ့ကိုရဲ တိုနှစ်ယောက်နှင့် ငွေအားနှင့် ကျွန်တော့်ငွေအား ပေါင်းပြီးတော့ နိုင်သလောက် hosting server လေး တစ်ခုလောက်ဝယ်ပြီး ဖိုင်တွေကို တင်ပေးဖို့ စဉ်းစားထားပါတယ်. အခြေအနေကတော့ မီးင်ကြည့်ကရမယ့် အဖြစ်မျိုးဖြစ်နေပါပြီ. တစ်ခြားသူများလည်းပဲ လှူချင်တဲ့ စိတ်ဆန္ဒများရှိရင် လှူနိုင် ပါတယ် . .
ပြီးတော့
ကျွန်တော့ဝဘ်ဆိုက်ထဲမှာ နည်းပညာနဲ့ ပတ်သက်ပြီး ၀င်ရေးချင်တဲ့သူများရှိရင်
nyinaymin.org@gmail.com ကို မေးလ်ပို့ထားနိုင်ပါတယ်. ပထမ user အဆင့်ကနေ
admin အဆင့် အထိ ထားပေးမှာ ဖြစ်တဲ့အပြင် ၀ယ်ထားတဲ့ cbox ကို
ကိုင်တွယ်ထားနိုင်ဖို့ကို admin အထိ ကျွန်တော်နှင့် အတူတူလက်တွဲပြီး
လုပ်ဆောင်နိုင်ပါတယ်. အထူးသတိပြုရမှာကတော့ သူများဆိုက်ကနေ copy ကူးချပြီး
တင်တာမျိုးမဟုတ်ဘဲ မိမိကိုယ်တိုင် ရေးသားထားတာတွေကိုပဲ တင်ပေးစေချင်ပါတယ်.
သူများဆိုက်ထဲက တင်ထားတာ ဟုတ်မဟုတ်နဲ့ ကူးထားတာ ဟုတ်မဟုတ်ကို google ကနေ
ရှာရင် ၂ ခါ မရှာရပါဘူး. တန်းတွေ့ပါတယ်. ပြီးတော့ ရေးသားသူနေရာမှာ
ရေးသားတဲ့သူရဲ့ နာမည်ပဲ ပေါ်မှာပါ. ကျွန်တော့်နာမည် မပေါ်ပါဘူး. ကိုယ့်ဟာကို
ကြိုက်တဲ့နာမည်ပေးထားလို့ရပါတယ်.
အားလုံးကိုခင်မင်လေးစားလျှက်
ညီနေမင်း
No comments:
Post a Comment