Monday, March 12, 2012

ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ

ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ ပြဿနာ၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ...

ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ

ပြဿနာ၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများဟာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ မိမိကိုယ်ကိုယ်လေးစားမှုတွေ မဲ့သွားတတ်ကြတယ်။ ပြဿနာ၊ အခက်အခဲကြောင့် လဲပြိုသွားတတ်ကြတယ်။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရဲ့ကျေးကျွန်ဖြစ်ရတယ်။

လူတချို့က မိမိကိုယ်ကိုယ်ယုံကြည်မှု၊ လေးစားမှုကို ထိန်းထားနိုင်ကြတယ်။ ပြဿနာ၊ အခက်အခဲကို ခေါင်းညိတ်အရှုံးမပေးဘူး။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခက သူတို့ရဲ့ကျေးကျွန်ဖြစ်ရတယ်။ ဒီလိုလူမျိုးက လူရဲ့ပင်ကိုယ်ကို ပိုမြင့်မြတ်၊ ပိုတောက်ပြောင်စေတာကြောင့် လေးစားထိုက်သူဖြစ်တယ်။
.


ခွန်အား စိတ်ဓာတ် II

No comments:

Post a Comment