Monday, March 12, 2012

ခိုးကူးပပျောက်ရေးလည်း ဖြစ်စေချင်တယ်

ခိုးကူးပပျောက်ရေးလည်း ဖြစ်စေချင်တယ် ဆိုတဲ့စကားက ရုပ်ရှင်လောကသားတွေ အတွက် အကယ်ဒမီစင်မြင့်ပေါ်မှာ အရဲစွန့်ပြီး ပြောလိုက်တာပါ

Share
၂ဝ၁ဝ ပြည့်နှစ်အတွက် အကယ်ဒမီ ရွှေစင်ရုပ်တုရရှိခဲ့တဲ့  ဝေဠုကျော်က အကယ်ဒမီစင်မြင့်ထက်မှာ ကျေးဇူးတင်စကားပြောရင်း ဗီဒီယိုလောကအတွက် ကောင်းအောင် ကြိုးစားသွားမှာဖြစ်သလို ခိုးကူးပပျောက်ရေးလည်း ဖြစ်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။ အခုချိန်မှာ ခိုးကူးပပျောက်ရေးအတွက်လည်း ဆောင်ရွက်နေကြပြီဖြစ်တဲ့ အတွက် ဝေဠုကျော်ကို မေးကြည့်တော့ ”ကျွန်တော် ပြောလိုက်တာ ထိရောက်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒီစကားက ကျွန်တော်က ကိုယ့်လောကသားတွေ အတွက်  စင်ပေါ်က အရဲစွန့်ပြီးပြောတာပါ။ စင်ပေါ်မှာပြောရတာက မဆိုင်တဲ့အကြောင်း အရာတစ်ခုကို ပြောသလိုပါပဲ။ အကယ်ဒမီအတွက် ကျေးဇူးတင်စကားပြော တဲ့နေရာမှာ ကိုယ့်လောကသားတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ထည့်ပြောလိုက်တာပါ။ အဲဒီအတွက် အရာထင်လာတယ်ဆိုရင် ဝမ်းသာကြည်နူးရပါတယ်။ ဒီလောက သားတွေအတွက် စကားကို အကယ်ဒမီစင်မြင့်ထက်မှာ ပြောဖို့အတွက် ဘယ်လိုတွန်းအား၊ ခွန်အားတွေရရှိခဲ့လဲလို့ မေးတော့ ”ဒါကတော့ ကျွန်တော့်ရင်ထဲမှာ နဂိုက တည်းက ရှိနေပြီးသားပါ။ သူတို့လည်းတတ်နိုင်တဲ့ နေရာကနေ လှုပ်ရှားနေပြီးသားပါ။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ အမြင်စောင်းသည်၊ မစောင်းသည်မသိ။ ကျွန်တော့်လော ကသားတွေအတွက် ကျွန်တော်နဲ့အတူတူ အလုပ်လုပ်နေကြတဲ့ ကိုဇင်ဝိုင်း၊ ဝိုင်း၊ ကိုမျိုးမင်းတို့နဲ့အတူ ကျွန်တော်တို့ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်သွေးတည်း ဒီလောကကြီး ကောင်းအောင်လုပ်ကြမယ် ဆိုတဲ့စိတ်ကြောင့် ကျွန်တော် ပြောဖြစ်သွားတာပါ” လို့ ပြောပါတယ်။
မေမွန်မောင်

No comments:

Post a Comment