နက္ခတ္တဗေဒသည်အတတ်ပညာ
သင်္ချာကိန်းဂဏန်းများဖြင့်
တွက်ကိန်းဆင်ပြီး ရလာသောရလဒ်အပေါ်မူတည်၍ ဥပဒေသ နိယာမများ
လက်တွေ့စမ်းသပ်ချက်များဖြင့် ပေါင်းစပ် ညှိနှိုင်း အဖြေရှာ
ရသည့်လုပ်ဆောင်ချက်တို့သည် သိပ္ပံ စက်မှု လက်မှု စသော အတတ်ပညာတို့တွင်
မဖြစ်မနေလုပ်ရသော လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်။
ထိုနည်းတူစွာ
နက္ခတ္တဗေဒပညာသည်လည်း သင်္ချာကိန်းဂဏန်းများဖြင့် တွက်ကိန်းဆင်ပြီး
ရလာသောရလဒ်အပေါ်မူတည်၍ ဥပဒေသ နိယာမများ လက်တွေ့စမ်းသပ်ချက်များဖြင့်
ပေါင်းစပ် ညှိနှိုင်း အဖြေရှာ ရသည့် အတတ်ပညာတစ်ရပ်ဖြစ်လေသည်။
သို့အတွက်လည်း နက္ခတ္တပညာသည် နိုင်ငံတကာကောလိပ် တက္ကသိုလ်များတွင် ဘွဲ့ ဒီဂရီ မျာပေး၍
သင်ကြားပို့ချပေးနေသော အဆင့်မြင့်ပညာရပ်တစ်ခုဖြစ်၏။
နာဆာကဲ့သို့သော
အာကာသလေ့လာရေးအဖွဲ့သည်ပင်လျှင် နက္ခတ္တဗေဒပညာရှင်များနှင့်
ပူးပေါင်းဆောင်ရွက်နေရ၏။ဤသို့သောအဆင့်မြင့်ပညာရပ်ကိုကျွန်ုပ်တို့မြန်မာဗုဒ္ဓဘာသာဝင်
များ(အားလုံးမဟုတ်)က အဘယ့်ကြောင့် ငြင်းပယ်နေရပါသနည်း။
ဤသို့ငြင်းပယ်ခဲ့ခြင်းကြောင့်ကျွန်ုပ်တို့နိုင်ငံတွင်နာဂစ်ကဲ့သို့သောသဘာဝဘေးဒဏ်ကျရောက်
သောအခါ ပြင်ဆင်ချိန်မရလိုက်ဘဲ အလူးအလဲခံစား ၊သေကြေ ၊ ပျက်စီး ၊ ဆုံးရှုံး
ခဲ့ရ၏။
အကယ်၍သာ ပြင်ဆင်ချိန်ရလိုက်လျှင် မရွေှ့ပြောင်းနိုင်သောအဆောက်အဦးများနှင့်ပစ္စည်းများသာ
ဆုံးရှုံး၍ လူတို့မှာ သည်လောက် သေကြေပျက်စီးလိမ့်မည်မဟုတ်။
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့မှဆရာကြီး၊ဆရာမကြီးများတာဝန်ကြေကြပါ၏။တစ်နှစ်နီးပါးခန့်ကြို
တင်ဟောကိန်းထုတ်ခဲ့ပါ၏။မည်သူမျှ ဆေးဖော်ကြောဖက် လုပ်ခဲ့ဟန်မတူ။
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့မှ ထုတ်ဝေသော ၂၀၀၈ ခုနှစ် မင်္ဂလာအခါပေးဗေဒင်ပြက္ခဒိန်၏
စတုတ္ထစာမျက်နှာ၏ကြောဘက်၊ဦးခေါင်းဆေးမင်္ဂလာ(သင်္ကြန်စာ)၏အောက်ဆုံးပိုဒ်တွင်
ဤသို့ဖော်ပြထားသည်။
“မိုးကိန်းကား…….မိုးဦး မိုးနှောင်းကောင်း၍ မိုးလယ်တံ့အံ့ ။ပင်လယ်သမုဒ္ဒရာ၌ လှိုင်းလေထန်အံ့။
မိုးကြိုးလေပြင်းများအံ့၊အနောက်တောင်မှ မုန်တိုင်းလေပြင်းထန်အံ့၊မိုးပါလေပါရွှာအံ့။”
နောက်ဆုံးစာမျက်နှာတွင်ရှိသေး၏။၎င်းစာများမှာဗေဒင်ပညာလိုက်စားသူများသာနားလည်မည်ဖြစ်၍
ချန်လှပ်ထားလိုက်ပါသည်။(မိမိဘာသာရှာ၍ဖတ်ကြပါ)
ယနေ့စာပေထုတ်ဝေရေးအခြေအနေအရ ဤမျှဖော်ပြပေးလိုက်သည်ကိုကမြန်မာနိုင်ငံဝေဒသုတေသန
အဖွဲ့၏တာဝန်ကျေပြီဖြစ်သည်။
တစ်နှစ်ခန့်ကြိုတင်ဟောကိန်းထုတ်ပေးခဲ့သော်လည်း၊မည်သူမျှအလေးဂရုမပြု ။ငြင်းပယ်ခဲ့ကြ၏ ။
ရလဒ်ကား သေဆုံးမှု ၊ ဆုံးရှုံးမှု နှင့် ကြေကွဲမှုများသာ……..။
ဤသို့မှန်ကန်အောင် ဟောကိန်းထုတ်နိုင်သော နက္ခတ္တဗေဒပညာ၏မြစ်ဖြားခံရာသည် သူရိယသိဒ္ဓ န္တ
ကျမ်းကြီးနှင့်တကွ အဌဝေဒဟုခေါ်သော ဇောတိသျှတ္တရဝေဒသိပ္ပကျမ်း ၊ သံဒိဌကျမ်းကြီးများဖြစ်၏။
အရှေးကျဆုံးသော “သူရိယသိဒ္ဓ န္တကျမ်း” တွင် အာကာသတွင်လှည့်လည်သွားလာနေသော
ဂြိုလ်များ၏သွားနှုန်း ၊ လှည့်လည်လှုပ်ရှားမှုဆိုင်ရာဥပဒေသ ၊
တည်နေရာ ၊ စသည့် ရှုပ်ထွေးလှသော
စက်ဝိုင်းပုံ ကောင်းကင်သင်္ချာပညာရပ်များကို ပုံသေနည်းထုတ် တွက်ချက်ဖော်ပြထား၏။
ထို့ကြောင့်လည်းဉာဏ်ကြီးရှင်၊ပညာရှင်များ၊IQမြင့်သောပုဂ္ဂိုလ်များသာ၊လေ့လာတတ်မြောက်နိုင်
သော ပညာရပ်ဖြစ်ခဲ့၏။
နေကြတ် ၊လကြတ် မည့် နေ့ရက်၊အချိန်၊နေရာတို့ကို တိကျစွာ တွက်ချက် ဟောထုတ်နိုင်သည်မှာ
ယနေ့
မျက်မြင်သာဓက များပင်မဟုတ်ပါလား။ယနေ့ကွန်ပြူတာခေတ်တွင် နေကြတ်၊လကြတ်ကို
နောင်နှစ်ပေါင်းများစွာအထိကြိုတင်တွက်ချက်ဟောကိန်းထုတ်နိုင်ပြီဖြစ်သည်။
ကျွန်ုပ်ညွှန်းဆိုခဲ့သော အကြိမ်များစွာ(သိန်း သန်း မက)တွက်ချက်လည်း တစ်ကြိမ်မျှမလွဲသော
ဗေဒင်ပညာသည် ဤနက္ခတ္တဗေဒ ပင်ဖြစ်ပေတော့သည်။
ဆိုလိုရင်းမှာ နက္ခတ္တဗေဒ သည် အတတ်ပညာသက်သက်သာဖြစ်သည်။ဤပညာကိုတတ်မြောက်ခြင်း
သည် အကျိုးမယုတ်နိုင်။အကုသိုလ်လည်းမဖြစ်နိုင်။ဗုဒ္ဓဘုရားရှင်၏ မင်္ဂလသုတ် အဆုံးအမ အရဆိုလျှင် မြတ်သောမင်္ဂလာပင်ဖြစ်ပေတော့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဤသို့ဆိုလျှင် စာချစ်သူက လွင့်မောင်မောင် သည် ဗေဒင်ဆရာမျိုးရိုးမှဆင်းသက်လာသူ၊သို့မဟုတ်
ဗေဒင်ပညာဖြင့် အသက်မွေးသူဟု ယူဆကောင်းယူဆလိမ့်မည်။
မဟုတ်ပါ။…………………လွင့်မောင်မောင်၏မိဘနှစ်ပါးစလုံး၏ဆွေမျိုးအဆက်ဆက်တွင်ဗေဒင်ကို
လေ့လာဘူးသူတစ်ယောက်မျှမရှိပါ။အဖေသည်ပန်းတိမ်ဆရာဖြစ်၏။အမေသည်ဈေးသည်ဖြစ်သည်။
လွင့်မောင်မောင်သည်လည်း ဓာတုဗေဒဘွဲ့(၁၉၈၁) ရ ကျူရှင်ဆရာတစ်ယောက်သာဖြစ်ပါသည်။
၁၉၈၁ခုမှယနေ့အထိ စာသင်သောအလုပ်ဖြင့်သာအသက်မွေးသူဖြစ်သည်။
အဌမတန်းကျောင်းသားအရွယ်
တွင် မဟာဘုတ်ဗေဒင်ကိုစတင်လေ့လာရာမှအစ ယခုအခါ ဗေဒင်ပညာအပေါ်
သံယောဇဉ်အလွန်ကြီးသော ဗေဒင်ဝါသနာရှင် ဗေဒင်သုတေသီ တစ်ဦးသာဖြစ်ပါကြောင်း။
လွင့်မောင်မောင်(ထားဝယ်)
No comments:
Post a Comment