Saturday, March 24, 2012

အသက် ၁၇ နှစ်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

အသက် ၁၇ နှစ်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

အသက် ၁၇ နှစ်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လုံခြုံရေး အရာရှိနှင့် စစ်သည်များအား အရေးယူမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပဲခူးဘူတာ လုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် အခြား တပ်မှအရာရှိတစ်ဦးတို့သည် ဘီယာသောက်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ဘူတာသို့ ပြန်လာစဉ် စက်တင်ဘာ ၄ ရက်ည ၁၀နာရီဝန်းကျင်တွင် ပဲခူးမြို့မှ လူငယ် ၇ ဦး စီးနင်းလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်နှင့် ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပွတ်တိုက်မှုကြောင့် ဆိုင်ကယ်လဲသွားစဉ် လူငယ် ၇ ဦးနှင့် အရာရှိနှစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ လူငယ် ၇ ဦးမှာ အရက်သေစာ သောက်စား ထားကြောင်း သိရသည်။

ထို့နောက် အဖော်ပါလာသူ အရာရှိသည် ထွက်ပြေးပြီး ပဲခူးဘူတာရှိ လုံခြုံရေး စစ်သည်များအား သွားရောက် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အရာရှိနှင့်အတူ လုံခြုံရေးစစ်သည် ၄ ဦး ပြန်လည် ရောက်ရှိလာရာ မြလမ်း ထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင်ခဲ့သည့် လူငယ် ၇ ဦးနှင့် ပြန်လည်ဆုံတွေ့ကာ ထပ်မံ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ၊လုံခြုံရေး စစ်သည် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မောင်စိုးပိုင်ဇော်(၁၇နှစ်)နှင့် မောင်အောင်သူဟိန်း(၂၁နှစ်)တို့ သေနတ်ထိမှန် ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် လူငယ်နှစ်ဦးအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆင်ဖြူကွင်းသုသာန်၌ င်္သဂြိုဟ်ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သေဆုံးသူ လူငယ်နှစ်ဦး၏ မိသားစုဝင်များအား သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်မှ လှုံ့ဆော်မှုများကိုလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရပင် သိရသည်။
http://www.news-eleven.com/

No comments:

Post a Comment