မျက်ရည်ကျတတ်ပါသလား
ယောက်ျားတစ်ယောက်ကို ချစ်စိတ်သက်သက်ဖြင့် မိန်းမ တစ်ယောက်ဟာ မျက်ရည်ကျတတ်ပါသလား။ ချစ်သူချင်း သို့ မဟုတ် ဇနီးမောင်နှံချင်း ရန်ဖြစ်လို့ ၊ စိတ်ကောက်လို့ ၊ စေတနာကို စော်ကားခံရလို့ ၊ အထင်လွဲခံရလို့  စသည်ဖြင့် မိန်းမတွေ အကြောင်း အမျိုးမျိုးဖြင့် မျက်ရည်ကျတတ်ကြသည်ဟု ကျွန်မသိပါသည်။ ထိုမျက်ရည်များ ပူလောင်နေပါလိမ့်မည်။ သို့ သော် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးစိတ်သက်သက်ဖြင့် နှလုံးသားတွေ နာကျင်ထိခိုက်ကာ မျက်ရည်ကျရသည့်အဖြစ်တော့ ကျွန်မ တစ်ခါမျှ မကြားဖူးခဲ့ပါ။ ကျွန်မသည် တစ်ယောက်တည်းသော ခြွင်းချက်ဖြစ်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ချစ်မြတ်နိုးစိတ်ဖြင့် ကျရသည့် မျက်ရည်သည်လည်း ပူနွေးလှပါသည်။ ကျွန်မမျက်လုံး အစုံမှ တိတ်ဆိတ်စွာ လိမ့်ဆင်းလာခဲ့ဖူးသော ထိုမျက်ရည်တို့ ၏ ပူနွေးမှုကို မကြာခဏ ပြန်လည်သတိရစိတ်ဖြင့် ကျွန်မပါးပြင်မှာ မကြာခဏ နွေးထွေးလာခဲ့တတ်ပါသည်။
နှင်း %%%%%%%% မင်းမင်းမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။%%%%%%%%%%
No comments:
Post a Comment