Friday, June 8, 2012

ယခုလက်ရှိဖြစ်ပေါ်နေသော လူမျိုး ရေးဆန်ဆန်

လက်စားချေခြင်းမှသည် . . . ဥက္ကာကိုကို ယခုလက်ရှိဖြစ်ပေါ်နေသော လူမျိုး ရေးဆန်ဆန်ြ...





ယခုလက်ရှိဖြစ်ပေါ်နေသော လူမျိုး ရေးဆန်ဆန် ပြဿနာများမှ တစ်ဆင့် အဓိကရုဏ်းဖြစ်ရပ်များသို့ ဦး တည်မလာစေရန် ပြည်သူများက မျှော်လင့်လျက်ရှိကြပြီး ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြပြီဖြစ် သည်။

အမှုအခင်းတစ်ခုမှ အစပျိုး ၍ လူမျိုးရေးပဋိပက္ခနှင့် အကြမ်းဖက်မှုများ အသွင်ဆောင်လာသည့် ဖြစ်ရပ်များအပေါ်တွင် နိုင်ငံတော် အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအင်အားစုများ အနေဖြင့် တစ်စုံတစ်ရာတုံ့ပြန်မှုအမြန်ဆုံး မပြုလုပ်ခြင်းအပေါ် ပြည်သူအများစုက ဝေဖန်ပြောဆို လျက်ရှိကြသည်။

ယခု ဇွန်လ ၃ ရက်က နောက်ဆုံးဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်သည် ထိခိုက်လွယ်သော နောက်ခံအကြောင်းရင်းများ တည်ရှိနေသည်ကို သတိပြုလျက် ပိုမိုကြီးမားပျံ့နှံ့လာခြင်းမရှိစေရန် ရှေ့ရှုဦးတည် ကြစေလိုကြောင်း၊ အထက်တန်း ကျသော စိတ်ဓာတ်များကို မွေးမြူလျက် သွေးဆူသွေးကြလွယ်သော အနေအထား၌ ယမ်းအုံကို မီးနှင့် ရှို့သလိုမဖြစ်ရန်လည်း တိုက်တွန်းလိုပါကြောင်း နိုင်ငံရေးဆောင်းပါး ရှင် မှူးဇော်က ၎င်းင်း၏ လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ကျွန်တော်ကတော့ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ မျက်လုံး တစ်လုံးဆုံးရှုံးမှုအတွက် မျက်လုံး တစ်လုံးပြန် အလျော်တောင်းကြေးဆိုရင် ကမ္ဘာပေါ်မှာ ရှိသမျှလူတွေ အကန်းချည်းပဲ ဖြစ်မှ အဆုံးသတ်မှာပဲဆိုတဲ့ မဟတ္တမဂနီ စကားကိုပဲ ယူသုံးရမှာပေါ့။ ဒီလို တုံ့ပြန် နည်းနဲ့ဆို ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တော့ဘူး။ ဒီတော့ အကြမ်းဖက်မှုဆိုတာကတော့ ဘယ် တော့မှ ကောင်းတဲ့ အဖြေရှာနည်းမှ မဟုတ်တာ။ သွေးထွက်သံယို နဲ့ပဲ အဆုံးသတ်မှာပဲ”ဟု မုံရွာမြို့တွင် အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူ အသက် ၃၀ ၀န်းကျင်အရွယ် ကိုအောင်နေမျိုးက သူ၏ အမြင်ကို ပြောသည်။

ဘီဘီစီ သတင်းဌာနမှ ကိုချိုကလည်း လက်ရှိဖြစ်ရပ်များအပေါ် “လူမျိုးရေး၊ ဘာသာရေး ၀ိဝါဒကွဲ ကြတယ်ဆိုတာ လက်ခံနိုင်တဲ့ ကိစ္စပါ။ ဥပဒေမဲ့ ဆောင်ရွက်တာ၊ တရားမဲ့ အရှက်အကြောက် အဆင်ခြင်မဲ့ ပြုကျင့်တာတွေဟာ ၂၁ ရာစု မြန်မာပြည်နဲ့ မထိုက်သင့်တော့ပါဘူး။ ဒါတွေကို မြန်မာပြည်တွင်း နေသူအားလုံးက လက်ခံကြဖို့ လိုပါတယ်။ အသိမြင့်ဖို့ အသိရင့်ဖို့ လိုတယ်လို့ပဲ ရိုရိုကျိုးကျိုး ပြော ချင်ပါတယ်”ဟု သူ၏အမြင်ကို ဖွင့်ဟသည်။

အမှားများကို ကျူးလွန်ခဲ့သူ တို့၏ လူမျိုးနှင့် ဘာသာတူတို့ကို ဆွဲသွင်းကာ လက်စားချေသကဲ့သို့ ပြုမူခြင်းများ ပြုလုပ်နေပါက ပြ ဿနာများမှာ သံသရာရှည်လာလိမ့်မည်ဖြစ်ကြောင်း တချို့ကလည်းသုံးသပ်ကြသည်။

ယနေ့ခေတ်အခြေအနေများ အရလည်း ဖေ့စ်ဘွတ်ခ်ကဲ့သို့သော လူမှုကွန်ရက် မီဒီယာများ အား
ကောင်းလာချိန်တွင် အဖြစ်အပျက်တိုင်းကို သိရှိမှုမြန်ဆန်လာသကဲ့ သို့ တခြားနေရာဒေသများသို့ပါ ပြဿနာကူးစက်မှုကလည်း မြန်ဆန်လာနိုင်ကြောင်းကို သတိပြု သင့်ကြကြောင်း သုံးသပ်မှုများရှိနေကြသည်။

“အမှားကျူးလွန်ခဲ့တဲ့သူတွေ ကို အထိရောက်ဆုံး ပြစ်ဒဏ်ပေးပစ်ရမှာပါ။ အဲဒီလိုမဟုတ်ဘဲ အ မှားကျူးလွန်တဲ့ သူတွေနဲ့ လူမျိုး တူ ဘာသာတူတွေကို ဆွဲထည့်ပြီးသာ လက်စားချေသလို ပြုမူနေ မယ်ဆိုရင် ဒီအဓိကရုဏ်းသံသရာက ပြီးတော့မယ်မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအပြောင်းအလဲ အခြေအနေမျိုးမှာ ဒါတွေဖြစ်တာဘယ်သူ့အတွက်မှ မကောင်းပါဘူး။ သက်ဆိုင်ရာက လိမ္မာပါးနပ်စွာနဲ့ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်”ဟု ပြည်တွင်းဘလော့ဂါတစ်ဦးဖြစ်သူ ဆောင်းပါးရှင် ကိုဂျွန်(ခ)ကေဂျွန် ကဆိုသည်။

အခြေခံပြဿနာများကို လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ယ ခုကဲ့သို့ အကြမ်းဖက်မှုပုံစံ ဖြစ်ရပ်တချို့ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြည်သူတစ်ဦးက ရှုမြင်ထားသည်။
“အခြေခံပြဿနာများကို အစိုးရက ကိုင်တွယ်မဖြေရှင်းပေးနိုင်သလို နိုင်ငံရေးထွက်ပေါက်နှပ် ကြောင်း ပေးခြင်းခံရတယ်လို့ မြင်တယ်။ ဒီမိုကရေစီစနစ်မှာ ဘယ်သူမှ ဥပဒေအပေါ်မှာ မရှိဘူး။ ထိုက် တန်တဲ့ ပြစ်ဒဏ်ရှိတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို အပြည့်အ၀ကာကွယ်မှုပေး တယ်။ တန်းတူညီမျှပါပဲ။ အခုသက်ဆိုင်ရာရဲ့ အရေးယူဆောင်ရွက်မှုဖင့်လေးလို့ မဖြစ်သင့်တာ ဖြစ်လာတာ နိုင်ငံရေးထွက်ပေါက်ပါ”ဟု အသက် ၃၄ နှစ်အရွယ် Senior System Engineer ကို ဟန်ဝင်းမြတ်က သူ၏အမြင်ကို ပြောသည်။

“ကမ္ဘာ့အနေအထားနဲ့ကြည့် ရင် မြန်မာတွေ တိုင်းတစ်ပါးမှာအလုပ်လုပ်နေတာ အများကြီး။ မွတ် ဆလင်နိုင်ငံတွေမှာ အများကြီး။ သူတို့က မင်းတို့တိုင်းပြည်မှာကွာ ငါတို့ဘာသာကို ဒီလိုလုပ်တယ်။ အခုငါတို့ အင်အားများတယ်။ မင်းတို့ကို ပြန်လုပ်မယ်ဆိုရင် ကျွန် တော်တို့ ဘယ်လိုနေကြမလဲ””ဟု ကိုဟန်ဝင်းမြတ်က ဆက်ပြောပါသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက် တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ ကျောက်နီမော်အပိုင်၊ သပြေချောင်ကျေးရွာမှ ရခိုင်အမျိုးသမီး ငယ် မသီတာထွေးအား လူမျိုးခြားသုံးဦးက သားမယားပြုကျင့်ကာ လည်ပင်းအားဓား ဖြင့်လှီး၍ သတ်ဖြတ်ခဲ့မှုအပေါ် ရခိုင်လူထု အကြား မကျေနပ်မှုများရှိနေခဲ့သည်။

ယခု ဇွန်လ ၃ ရက် ညနေပိုင်းတွင် သံတွဲမှ ရန်ကုန်သို့ ရိုးမသစ္စာအဝေးပြေးကားဖြင့် လိုက်ပါလာသော အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့သူမြို့သားများ စုရုံးကာကားပေါ်မှဆွဲ ချ၍ သတ်ဖြတ်ခဲ့မှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ အလောင်းများကို သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင်များက ခရိုင်ရဲမှူးကြီးအကူအညီဖြင့် လာရောက်သယ်ဆောင်ခဲ့ပြီး ဇွန်လ ၄ ရက် နေ့လယ်တွင် သံတွဲသုသာန်၌ သဂြိုဟ်ခဲ့သည်ဟု သိရသည်။

“လူမျိုးရေးပဋိပက္ခမဖြစ်သင့်ဘူး။ လူမျိုးတစ်ခုနဲ့ တစ်ခုစော်ကားတာလည်း မလုပ်သင့်ဘူး။
မဖြစ်စေချင်တာတော့ အမှန်ပဲ”ဟု ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သားတစ်ဦးဖြစ်သော ကဗျာဆရာ လင်းသဏ်ညီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း “ရခိုင်ဘက်ကလုပ်ရင် ရခိုင်မှားတယ်။ မွတ်ဆလင်ဘက် ကလုပ်ရင်လည်း မွတ်ဆလင်မှားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမဆိုင်တဲ့လူတွေကို မလုပ်သင့်ဘူး”ဟု ဇွန်လ ၃ ရက် ညနေပိုင်းက  မေးမြန်းမှုကို ဖုန်းဖြင့်ပြန်လည်ဖြေကြားခဲ့သည်။

“မြန်မာတွေက ယဉ်ကျေးတယ်ဆို၊ သည်းခံတတ်တယ်ဆို၊ ဘာသာအဆုံးအမကို အလေး ထားတယ်ဆို...ဘယ်တစ်ခုနဲ့မှ မညီညွတ်တဲ့ လုပ်ရပ်ပါ။ အရင် ပြဿနာတွေရဲ့ အဖြေလည်း မဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း ဒီလိုနည်းလမ်းတွေနဲ့ ရှင်းလို့မပြေလည်ခဲ့ပါဘူး”ဟု ဘီဘီစီသတင်း ဌာနမှ ကိုချိုက ဆိုလာသည်။

ရန်ကုန်သား လူငယ်ကဗျာ ဆရာ၊ ဘလော့ဂါတစ်ဦးဖြစ်သောသူရဿဝါကလည်း “တကယ်ကျူးလွန်ခဲ့တဲ့ သူတွေကိုပဲ တရားဥပဒေအရ အရေးယူသင့်ပါတယ်။ ဘာမှမဆိုင်တဲ့ လူတွေ အသတ်ခံရတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒီလို သတ်သွားတဲ့လူတွေရော၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတစ်ခုအတွက် ကိုယ့်ကို သတ်တာ ဖြတ်တာ နာကျင်အောင် လုပ်တာမပြောနဲ့ ကိုယ်နဲ့မဆိုင်ဘဲ လက်စားချေခံရမယ်ဆိုရင် လက်ခံကြပါ့မလား”ဟု လူငယ်တစ်ဦး၏ အမြင်ကို ဖွင့်ဟသည်။

ဆောင်းပါးရှင်မှူးဇော်က သူ၏ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တွင်“အဓိကရုဏ်းများရှောင်ရှားနိုင်သော၊ ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ကြပြီး ကွဲပြားခြားနားမှုများကြားက ညီညွတ်မှုဖြစ် စေသော လူ့အဖွဲ့အစည်းဖြစ်ရန် ကျွန်တော်တို့အားလုံး ကြိုးပမ်းကြဖို့လိုပါကြောင်း၊ အဓိကရုဏ်း အသွင်ဆောင်သော လှုပ်ရှားမှုများကို အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်နေကြသူများကို တွေ့ရှိရသဖြင့် များစွာစိတ်
မကောင်းဖြစ်ရပြီး စိတ်ခံစားချက် ဦးစားပေး တွေးခေါ်မှုများကို သတိ ရှိရှိ ထိန်းချုပ်နိုင်ရန် လိုအပ်ပါ
ကြောင်း”ရေးသားထားခဲ့သည်။

ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည်အထိ ဖြစ် ပွားခဲ့ရခြင်းမှာလည်း တောင်ကုတ်မြို့အတွင်းတွင် အသတ်ခံရသည့် အမျိုးသမီးပုံများနှင့် စာများ ဖြန့်ဝေခဲ့ခြင်းကြောင့်ဖြစ်ကာ အထူးသဖြင့် သားမယားပြုကျင့်၊ လူသတ်၊ ပစ္စည်းလုရုံသာမဟုတ်ဘဲ လည်ပင်းအား ဓားဖြင့်လှီး ဖြတ်ခဲ့သည်ဆိုသည့်အချက်က မြို့ခံတို့အား မခံမရပ်နိုင်ဖြစ်စေခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက် အ ပြုံလိုက် သတ်ဖြတ်ခြင်း စသည် တို့မှာ ယဉ်ကျေးသော လူ့အသိုင်း အ၀ိုင်းမှ မည်သို့မျှ လက်ခံနိုင်စ ရာ မရှိသည့်အပြင် မည်သည့်ဘာ သာတရားကမှလည်း လက်သင့် ခံနိုင်မည် မဟုတ်ကြောင်း၊ ထို အခြေအနေဆိုးများသည် ကျွန်ုပ် တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင် ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှမက နောက်ကြောင်းပြန်လှည့် သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ် တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်း စွာ ယှဉ်တွဲ နေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး
ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင် များ၊ ဌာနဆိုင်ရာအသီးသီးမှ တာ ၀န်ရှိပုဂိုလ်များအားလုံးအနေဖြင့်မေတ္တာကို အခြေခံ၍ ၀ိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါ ရန် မေတ္တာရပ်ခံစာတစ်စောင်ကို ဇွန် လ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“မဖြစ်သင့်တဲ့ လူမျိုးရေးခွဲ ခြားတိုက်ခိုက်မှုမျိုးသာ ဖြစ်ပါတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရားသာ ဖြစ်သင့်ပြီး ပြစ်မှုကျူးလွန်သူမှာသာ တာ ၀န်ရှိပါတယ်။ လူမျိုးရေးအမြင် ကျဉ်းမြောင်းစွာ ခွဲခြားဆက်ဆံမှုတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့ အပြုအမူမဟုတ်ဘူးဆိုတာ သ ဘောပေါက်ရပါမယ်။ ဒါဟာ သာ မန်လူသတ်မှုကနေ လူမျိုးရေးမုန်း တီးမှုပဋိပက္ခအထိတော့ မဖြစ် သင့်ပါဘူး”ဟု စာရေးဆရာတစ်ဦး က ဆိုသည်။

“ဘယ်အခြေအနေမျိုးမှာ မဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကိုကျွန်မအားပေးတယ်။ ကျွန်မတို့
အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝသွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက် ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်။ ဒါပေမဲ့ သူနဲ့အတူ တွဲပါလာ မယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က တရုတ်ပြည်ဂွမ်ဒေါင်သတင်းစာတစ်ခုနှင့် အင်တာဗျူးတွင် ပြန်လည်ဖြေကြားခဲ့သည်။

ထိုအင်တာဗျူးမှာပင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဆက်ပြောခဲ့သည်။ “ကျွန်မစိတ် ဆိုးတဲ့အခါ စိတ်ဆိုးနေတဲ့အကြောင်း ကျွန်မကိုယ်ကျွန်မ သတိ ပေးတယ်။ ပြီးတော့ အဲဒီစိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ နောက်ပြီးလောကကြီးမှာ ထာဝရမပြောင်း လဲတဲ့အရာဆိုတာ မရှိမှန်းလည်း ကျွန်မသိတယ်လေ။ ဒါကြောင့် စိတ်တိုင်းမကျတာတွေ ကြုံတဲ့အခါ ဟုတ်တယ်၊ အခု အခြေအနေ သိပ်မကောင်းဘူး။ ဒါပေမဲ့ ချက်ချင်းကြီး ကောင်းလာနိုင်တာပဲ ဆိုပြီး ဒီအမှန်တရားကို သတိသွင်း ရပါတယ်။ ဒီလို သတိတရားက ကိုယ့်ရဲ့စိတ်ကို ငြိမ်သွားစေပြီး တော့ ဟန်ချက်မပျက်အောင် ထိန်း ထားပေးနိုင်တယ်လေ”

မည်သို့ပင်ဖြစ်စေ မြန်မာနိုင် ငံသားအားလုံးလိုလိုကတော့ လူမျိုးရေးဖြစ်စေ၊ ဘာသာရေးပဲဖြစ် စေ၊ မုန်းတီးမှုများ၊ ပဋိပက္ခအသွင် အကြမ်းဖက်မှုများကိုလိုလားခြင်း မရှိဘဲ ဖြစ်ပေါ်လာနိုင်သည့် ပြ ဿနာများကိုသာ ဖြေရှင်းပြေ လည်စေရန် ဆနရှိနေကြသည် သာဖြစ်သည်။ထို့အပြင် သမိုင်းနှင့်ချီသော ဖြစ်ရပ်ဆိုးများကိုလည်း ယခုခေတ်၊ ယခုအချိန်အခါတွင် မည်သူမှ မ တွေ့ကြုံ၊ မခံစားလိုတော့သည်မှာ အမှန်ပင်ဖြစ်ပေသည်။

No comments:

Post a Comment