Sunday, April 8, 2012

မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး များကျ


မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကျ မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ် ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရ သည်။
ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းတို့က ပြောကြားသည်။
The Voice Journal

No comments:

Post a Comment