Friday, March 9, 2012

တန်ဖိုးအကြီးဆုံးအရာ......

တန်ဖိုးအကြီးဆုံးအရာ......

            တစ်ခါတုန်းက လူငယ်တစ်ယောက်နဲ့ မိန်းမပျိုတစ်ယောက်ဟာ အရမ်းချစ်ကြပြီးနောက် လက်ထပ်ထိမ်းမြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊၊ သူတို့နှစ်ဦးမှာ ငွေမရှိပေမယ့်သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်ကြတယ်၊၊ ပကတိ
ရိုးသားဖြူစင်မှု့နဲ့ အနာဂါတ်ကို တောက်ပအောင်လုပ်ဖို့ အပြန်အလှန်ပေးဆပ်ခဲ့ကြတယ်၊၊ ကာလရှည်ကြာစွာ သူတို့
လပ်တွဲခဲ့တယ်၊၊
            မင်္ဂလာမဆောင်ခင်ကတည်းက မိန်းမပျိုလေးဟာ သူ့ရဲ့ခင်ပွန်းလောင်းကို တောင်ဆိုမှု့တစ်ခုပြုခဲ့ပါတယ်၊၊
ကျွန်မဟာ ကျွန်မတို့နှစ်ယောက်လိုချင်တဲ့ အစိတ်အပိုင်းတစ်ခု၊ စိတ်ကူးတစ်ခု မဟုတ်တော့ဘူးဆိုရင်…အဲဒီလိုဖြစ်
လာခဲ့ရင်….ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့လာလိမ့်မယ်၊၊ ဒါမှမဟုတ်လို့ ကျွန်မကို စိတ်ဆိုး
ဒေါသထွက်လာတဲ့အခါ  ကျွန်မကို ကျွန်မရဲ့မိဘများဆီသို့ ပြန်ပို့ပေးစေချင်ပါတယ်၊၊ တကယ်လို့အဲလို အဖြစ်အပျက်
မျိုးဖြစ်ခဲ့ပြီးလို့ ရှင်ကျွန်မကို ပြန်လာခေါ်တဲ့အခါ ကျွန်မအတွက် တန်ဖိုးရှိတဲ့အရာတစ်ခု ပေးပြီးမှပြန်ခေါ်မယ်ဆိုတာ
ကို ကတိပေးပါ..လိုမိန်းမပျိုက တောင်းဆိုခဲ့ပါတယ်၊၊
            သူမရဲ့ခင်ပွန်းလောင်းဟာ သူမရဲ့အမေးကို သိပ်အာရုံထဲ မထားတဲ့ပုံနဲ့ ရယ်မောနေခဲ့ပါတယ်၊၊ ခင်ပွန်းလောင်းက သူရဲ့ကတိကို ချရေးပြီး လက်မှတ်ထိုးပေးလိုက်ပေမယ့် မိန်းမပျိုကတော့ သိပ်ဘဝင်မကျခဲပါဘူး၊၊
            အဲဒီလိုနဲ့ သူတို့ဟာအိမ်ထောင်တစ်ပြုပြီး ဘဝတစ်ခုကို အတူတကွ စတင်ခဲ့ကြပါတော့တယ်၊၊ သူတို့ရဲ့လူနေမှု့
ဘဝကို တိုးတက်အောင်မြင်ဖို့ စိတ်နှစ်ပြီးအလုပ်လုပ်ခဲ့ကြတယ်၊၊ နှစ်ဦးစလုံး ဆုံးဖြတ်ထားတဲ့အတိုင်း ကြိုးစားခဲ့လို့ လုပ်
သမျှအလုပ်တွေ အောင်မြင်ခဲ့ပါတယ်၊၊ ဆင်းရဲမှု့တွေကတော့ သူတို့ရဲ့အောက်မှာ  ကျန်ခဲ့ကြပါပြီ၊၊ ဒါကြောင့် သူတို့ပို
ပြီး အလုပ်ကြိုးစားခဲ့ကြပါတယ်၊၊
            အချိန်ကြာလာတာနဲ့အမျှ သူတို့ဘဝဟာ သက်တောင့်သက်သာဖြစ်လာပါတယ်၊၊ ကောင်းသထက်ကောင်း
လာတယ်၊၊နောက်ဆုံး မှာတော့ သူတို့ ချမ်းသာလာကြပါတော့တယ်၊၊ အိမ်အကြီးကြီးတစ်လုံးဝယ်ပြီး သူတို့ပြောင်းရွှေ့
ခဲ့ကြတယ်၊၊ မိတ်သစ်ဆွေသစ် သူငယ်ချင်းအသစ်တွေကို ထပ်တွေ့လာတယ်၊၊ သူတို့ရဲ့ ပတ်ဝန်းကျင်ဟာ သူတို့ကိုယ်
တိုင်ရဲ့ အနာဂါတ်အဆင်တန်ဆာ ပါပဲ၊၊
            ဒါပေမယ့် သူတို့တစ်ဦးချင်းရဲ့ စိတ်ဓါတ်တွေကတော့ ချမ်းသာလာတာနဲ့အမျှ ဝေးကွာလာကြပါတော့တယ်၊၊
တစ်ဦးချင်းစီဟာ သူတို့ဘာလဲဆိုတာထက် ကျော်လွန်တဲ့ အတွေးမျိုးတွေ တွေးလာနေကြပါပြီ၊၊ ဒီတော့သူတို့ပိုပြီး ရန်
စောင်လာကြပါတော့တယ်၊၊ ပြသာာနာပိုလာတယ်၊၊ ဘာတွေဝယ်ကြမလဲ၊၊ ဒါမှမဟုတ် ဘယ်လိုအသုံးချကြမလဲ၊၊ သူတို့
ရဲ့ ချမ်းသာကြွယ်ဝမှု့တွေကို  ဒီထက်တိုးပွားလာဖို့ ဘာလုပ်ကြမလဲဆိုတာတွေအတွက်နဲ့ မပြေလည်မှု့တွေ ပိုများဘာပါ
တော့တယ်၊၊
            တစ်နေ့တော့ မွန်းလွဲပိုင်းမှာ သူတို့ရဲ့ အရေးကြီးမိတ်ဆွေအနည်းငယ်ကို ကျွေးမွေးဧည့်ခံဖို့အတွက် စားပွဲတစ်
ခုပြင်ဆင်ခဲ့တယ်၊၊ အရသာရှိတဲ့ ဟင်းတွေချက်ဖို့အတွက်…နေရာထိုင်ခင်း စားပွဲတွေမှာဖို့…. ဘာမှစတဲ့ အရေးကြီးတဲ့
အကြောင်းအရာတွေအတွက် သူတို့ငြင်းခုံခဲ့ကြပါတယ်၊၊
            သူတို့အဲဒီငြင်းခုံမှု့ကနေစပြီး တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲအော်ဟစ်လာပါတော့တယ်၊၊ ဒီအချိန်မှာ
ယောင်္ကျားဖြစ်သူက နင်ဟာငါ့ကိုဘယ်တော့မှာ ဂရုမစိုက်ခဲ့ဘူး..နင်အတွက်ပဲ နင်တွေးတယ် ကျောက်မျက်တွေ
အဝတ်အစားကောင်းတွေ ဝယ်ဖို့နင်စဉ်းစားတယ်၊၊ ဒါကြောင့် နင်အကြိုက်ဆုံး တန်ဖိုးအရှိဆုံး အရာကို မင်းယူသွားပါ၊၊
နင် ငါ့ကိုကတိပေးထားတဲ့အတိုင်း နင့်မိဘအိမ်ကို နင်ပြန်သွားပါတော့၊၊ ငါတို့ ဒီမှာ အတူဆက်နေဖို့ဆိုတာ မဖြစ်
နိုင်တောဘူး လို့ပြောပြီး ငိုကြွေးလိုက်ပါတယ်၊၊
            သူမိန်းမဟာ ရုတ်တရက် ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့တယ်၊၊ သူမှရဲ့ မျက်လုံးတွေဟာ ယောင်္ကျားဖြဟ်သူအပေါ်
စိတ်ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်နေမိတယ်၊၊
            ကောင်းပြီ လို့သူမက တိတ်တဆိတ် ပြန်ပြောလိုက်ပြီး ကျွန်မထွက်သွားမှာပါ၊၊ ဒါပေမယ့် ဒီတစ်ညတော့ ကျွန်မ
တို့အတူရှိနေမှာ ဖြစ်မယ်၊၊ ကျွန်မ တို့ဖိတ်ထားတဲ့ဂုဏ်သရေရှိ မိတ်ဆွေ တွေရှေ့မှာ ကျွန်မ တို့ဂုဏ်အတွက် ရှင်နဲ့ တစ်စား
ပွဲတည်းတစ်ဘက်တစ်ချက်စီ ထိုင်ပြီး ဧည့်ခံချင်ပါသေးတယ် လို့ပြန်ပြောခဲ့ပါတယ်၊၊
            ဒီလိုနဲ့ ညနေခင်းရောက်တော့ စားပွဲစတင်ခဲ့ပါတယ်၊၊ သူတို့ရဲ့ကြွယ်ဝမှုတွေကို ထုတ်ဖော်ပြသတဲ့အနေနဲ့ပေါ့၊၊
စားပွဲပြီးလို့ ဧည့်သည်တွေပြန်ချိန်မှာတော့ သူမရဲ့ယောင်္ကျား အိပ်ပျော်သွားခဲ့ပါတယ်၊၊ သူမ ဟာ ယောင်္ကျားဖြစ်သူကို သူမ
ရဲ့မိဘအိမ်ကိုသယ်သွားပြီး အိပ်ရာထဲမှာ လှဲလျောင်း နေစေခဲ့ပါတယ်၊၊
            နောက်တစ်နေ့ မနက်မိုးလင်းလို့ ယောင်္ကျားဖြဟ်သူ အိပ်ယာနိုးလာတဲ့အချိန်မှာတော့ သူဘယ်နေရာကို ရောက်
နေလဲဆိုတာကို သူ မသိဘူးဖြစ်နေတော့တာပေါ့၊၊ သူမျက်လုံးကိုဖွင့်ပြီး ဟိုဟိုသည်သည် လျှောက်ကြည့်နေတုန်း သူ့မိန်းမ
ဟာ သူ့အိပ်ယာဘေးကို ရောက်ရှိလာခဲ့ပါတယ်၊၊
            ချစ်သော ယောင်္ကျားလို့သူမက ညင်ညင်သာသာခေါ်လိုက်တယ်၊၊ ရှင်က ကျွန်မ ကိုကတိအတိုင်းတန်ဖိုးရှိတဲ့ အရာတစ်ခု ယူသွားနိုင်တယ်လို့ပြောခဲ့တယ်မဟုတ်လား၊၊ တကယ်တော့ ရှင်ဟာ ကျွန်မအတွက်တန်ဖိုးအရှိဆုံး အရာတစ်ခု
ပါပ၊၊ ကျွန်မ ရှင့်ကိုအရာအားလုံးထက် ပိုပြီး တန်ဖိုးထားပါတယ်၊၊ ပိုပြီးလည်းဂရုစိုက်ပါတော့မယ်၊၊ ကျွန်မ တို့သေဆုံးသွား
တဲ့အထိပေါ့ လို့နူးညံ့စွာပြောလိုက်ပါတယ်၊၊
            တစ်ချိန်တည်းမှာပဲ သူတို့ဟာ သူတို့ရဲ့တစ်ကိုယ်ကောင်းဆန် မှုတွေကို သိမြင်လာခဲ့ကြပါတော့တယ်…အဲဒီနေ
မှာပဲသူတို့အိမ်ကိုပြန်ခဲ့ကြပြီး သူတို့ဘဝမှာ တစ်ဦး အတွက်တစ်ဦးဟာ မြုပ်နှံဖို့ စတင်ခဲ့ကြတယ်…………
            အချစ်ဆိုတဲ့ စကားလုံးဟာ နက်ရှိုင်းတဲ့ အချစ်နဲ့သာ အတူတွဲဖက်သင့်ပါတယ်……….၊၊
သူငယ်ချင်းအားလုံးလည်း ဒီစာမူလေးကိုဖတ်ပြီး ကိုယ်တစ်နေ့ကိုယ့်ရဲ့လက်တွဲဖော် ချစ်သူကို ဘယ်လိုအကြောင်း
မျိုးပဲဖြစ်ပါစေ…လမ်းမခွဲဖို့ မထားရစ်ခဲ့ဖို မစွန့်ပစ်ဖို့ သတိပေးချင်ပါတယ်…မိန်းမ တိုင်းရဲ့ရင်ထဲမှာ ကိုယ့်ချစ်သူ
ကိုယ့်ခင်ပွန်းပေါ့နော် လွဲလို့ ဘယ်အရာကိုမှ အလေးအနက်မထား တန်ဖိုးမထားတတ်ကြပါဘူးဆိုတာကို မိန်းကလေးတွေ
ကိုယ်စား ဟန်နီ ကပြောချင်ပါတယ်…ဟန်နီ အပါအဝင်ပေါ့…………..

No comments:

Post a Comment