Saturday, March 24, 2012

ပုသိမ်မြို့မှ ငပုတောမြို့သို့ ထွက်ခွာလာသော ပုသိမ်သူမော်တော်ယာဉ်မှာ ငပုတောမြို့၊...

ပုသိမ်မြို့မှ ငပုတောမြို့သို့ ထွက်ခွာလာသော ပုသိမ်သူမော်တော်ယာဉ်မှာ ငပုတောမြို့၊...

ပုသိမ်မြို့မှ ငပုတောမြို့သို့ ထွက်ခွာလာသော ပုသိမ်သူမော်တော်ယာဉ်မှာ ငပုတောမြို့၊ ကမ်းဆိပ်ရွာတံတားအနီး မတ်လ ၂၀ ရက်၊ ညနေ သုံးနာရီဝန်းကျင်တွင် နစ်မြုပ် သွားသောကြောင့် ခရီးသည် ခန့်မှန်းဦးရေ အယောက် ၆၀ ကျော် လိုက်ပါလာသည့် အနက် ၃၀ ကျော်ပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးကြောင်း မော်တော်ယာဉ်ပေါ်မှ အသက်မသေ ဘဲ ပြန်လည်လွတ်မြောက်လာသူ ဦးစောတောက ပြောသည်။
ယခုည ၆ နာရီတွင် ဆက်သွယ်မေးမြန်းချက်အရ အယောက် ၃၀ ကျော် မှာ ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ လိုက်ပါလာသည့် ခရီးသည်အယောက် ၆၀ ကျော်တွင် ကလေးငယ် ၁၅ ဦးခန့်ပါဝင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
““ကမ်းကပ်ဖို့ မော်တော်လှည့်တဲ့အချိန်မှာ ခေါင်းပိုင်းက ရေ၀င်ပြီး မြုပ်သွားတာ။ အခုထိ ကမ်းနားမှာ ရှာနေတုန်းပဲ။ မတွေ့သေးဘူး။ အထဲမှာ ပိတ်မိနေတာ လည်း ဖြစ်နိုင် တယ်။ ကျွန်တော်တောင် မနည်းတိုးထွက်လာရတာ”” ဟု သူက ပြောကြားခဲ့သည်။

No comments:

Post a Comment