Saturday, March 24, 2012

ဦးခင်ညွန့် ဘာသာရေး လူမှုရေး အတွက် သုံးသော ငွေကြေးနှင့် ပတ်သက်၍ ပြောကြား

ဦးခင်ညွန့် ဘာသာရေး လူမှုရေး အတွက် သုံးသော ငွေကြေးနှင့် ပတ်သက်၍ ပြောကြား

ဦးခင်ညွန့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင် ညွန့်သည် ၄င်း အား ခင်မင်လေး စားသူများ ထံမှ လှူဒါန်းငွေ များဖြင့် ဘာသာရေး၊ လူမှုရေး လုပ်ငန်းများ တွင် သုံးစွဲနေကြောင်း မတ် ၁၂ရက် က ရန်ကုန်မြို့ရှိ ၄င်း၏နေအိမ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုအခါ ဘာသာရေး နှင့် လူမှုရေးလုပ်ငန်းများကို အစဉ် တစိုက် ပြုလုပ်နေကြောင်း ၄င်းလုပ် ငန်းများတွင် အသုံးပြုသော ငွေ ကြေးများသည်လည်း ခင်မင်လေး စားသူများထံမှ ရရှိသော ငွေကြေး များဖြစ်ကြောင်း ယင်းငွေကြေးများ ကိုလည်း စာရင်းဇယားတိတိကျကျ ပြုလုပ်ထားကြောင်း ရရှိသော ငွေ ကြေးများကို အကျိုးရှိရှိအသုံးချ သွားမည်ဖြစ်ကြောင်း ဦးခင်ညွန့်က ဆက်လက်ပြောကြားသည်။
"အဘကို တချို့ကမေးကြ တယ်။ ဘယ်ကငွေတွေနဲ့လှူနေတာ လဲ၊ အဘကတော့ အဘကိုလေးစား တဲ့ တပည့်တွေ၊ ယခင်က ပေါင်း သင်းခဲ့ဖူးတဲ့ မိတ်ဆွေတွေက အဘ ကို လိုအပ်တာတွေသုံးဖို့ အလှူငွေ တွေ ပေးပါတယ်၊ စာရင်းလည်း အဘတိတိကျကျ လုပ်ထားတယ်၊ လှူတဲ့သူတွေ ကုသိုလ်ရအောင်ဘာ သာရေးနဲ့ လူမှုရေး ကိစ္စတွေမှာ စနစ်တကျသုံးဖို့ လုပ်ထားပါတယ်" ဟု ၄င်းကဆက်လက်ပြောကြား သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင် ညွန့်သည် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် ရွှေမှော် ဝန်း လူမှုယဉ်ကျေး ကူညီမှုအဖွဲ့ကို ဖွဲ့စည်းကာ ငွေကျပ် သိန်းတစ်ရာ မတည်ခဲ့ပြီး သီတဂူ ဆရာတော်ကြီး အပါအဝင် အခြားအလှူရှင်များမှ ထည့်ဝင်လှူဒါန်းကြရာ ရန်ပုံငွေ ကျပ်သိန်း ခုနှစ်ရာခန့်ရှိကြောင်း သိ ရ သည်။

No comments:

Post a Comment