Sunday, April 8, 2012

သီးပေါမင်း၏ မြေးတော်ရေးတဲ့ ပါတော်မူပြီးနောက်ပိုင်း( ဖတ်သင့်ပါသည်)

သီးပေါမင်း၏ မြေးတော်ရေးတဲ့ ပါတော်မူပြီးနောက်ပိုင်း( ဖတ်သင့်ပါသည်)

ပါတော်မူပြီးနောက် သီပေါမင်း နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရတနာဂီရိမှ အိမ် (၂၀၀၇)

သီပေါမင်းအကြောင်းကို သမိုင်းမှာ လူတိုင်းနီးပါး သင်ခဲ့ကြဖူးမှပါ ပြီးတော့ ပါတော်မူ

တဲ့ အကြောင်းကိုလည်း ဇာတ်လမ်းမှာ ကြည့်ခဲ့ဖူး  စာအုပ်တွေမှာ ဖတ်ခဲ့ဖူးကြမှာပါ

ဒီစာအုပ်လေးကတော့ သီပေါမင်းရဲ့ မြေးတော် ရေးခဲ့တဲ့  ရတနာပုံမှ ~ရတနာဂီရိသို့ 

ဆိုတဲ့စာအုပ်လေးပါ  သီပေါမင်းသေတော့  သရဏဂုံတင်ခွင့်မပေးလို့  အခုချိန်မှာမှ

အိန္ဒိယကိုသွားပြီး ရေစက်ချ အမျှဝေလုပ်တဲ့ခရီးစဉ်ကို စာဖတ်သူ ဗဟုသုတ ရဖွယ်

စုံလင်စွာ ဓာတ်ပုံနှင်တကွ ဖော်ပြပေးထားတဲ့ သမိုင်းမှတ်တမ်းဝင်စာအုပ်ကလေးပါ

သမိုင်းနောက်ခံရဲ့  အသေးစိတ်ကို သီပေါမင်းရဲ့  မြေးအရင်းကနေ ပြန်ရေးပြနေတာ

သိရတော့ ဖတ်ရတာ စိတ်ထဲတမျိုးကြီး။ ပြီးတော့ မြန်မာဘုရင်တွေရဲ့ မျိုးဆက်တွေ

မြန်မာပြည်မှာ ရှိနေပါသေးလားဆိုတာ ခုမှတိတိကျကျ နာမည်နှင်တကွ သိရတယ်

တွေ့ တာ  နောက်ကျလေခြင်းလို့  ။တကယ့်ကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ

 မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့စကား ရှိသလို မြန်မာလူမျိုး နဲ့ မြန်မာသမိုင်း

ကိုစိတ်ဝင်စားရင် ဒီဟာကို ဖတ်ဖူးသင့်တယ်လို့ ယူဆမိပါတယ် ဖတ်စေချင်လွန်း၍

မျှဝေလိုက်ပါသည် ဒေါင်းလုပ်အဆင်မပြေပါက မေးထဲသို့ ပိုပေးပါမည် မေးလိပ်စာ

ကို ကွန်မန့် သို့ မဟုတ် ချက်ဘောက်မှာ ထားခဲ့နိုင်ပါကြောင်း..............................။

ဒီလင့်မှာDownload ယူပါ - http://www.mediafire.com-ရတာနာပုံမှ ရတနာဂီရိသို့ 


ဓာတ်ပုံမူရင်းလင့် -http://moemaka.com/2011/02/burmese-kings-palace

စင်္ကာပူကို လင်ယူဖို့သွားတာလားညနေမိုး (သို့ ) ပြောမနာဆိုမနာကဗျာ- ၁

စင်္ကာပူကို လင်ယူဖို့သွားတာလားညနေမိုး (သို့ ) ပြောမနာဆိုမနာကဗျာ- ၁


ငယ်ငယ်တုန့်းကမြို့ကလေးဆီ

နင့်အာရုံတွေပြန်မရောက်တော့ဘူး

သွားတော့မယ်နော်

သြော်..

အဆီဗူးတွေဈေးတက်သွားပြီအောင်မှူးဝေ..တဲ့

အဆက်စပ်မရှိတဲ့စကားတွေနဲ့တွေ့လိုက်တိုင်း

သွေး(စစ်ကိုင်း)နဲ့နင်ကဒီလိုပဲ

ကဗျာဆရာဆိုတာ အုပ်စုဖွဲ့မိုးရေစက်များပါပဲဟာ

မိုးကောင်းတုန်းကရွာချခဲ့ရင်

နင်လည်းအခုလောက်အထီးကျန်မှာမဟုတ်။

ငါလည်းအပျိုကြီးတွေကိုပီဇာကျွေးရတဲ့ဒုက္ခကနေလွတ်မြောက်ခွင့်ရမယ်။

အပြင်ထွက်ရမယ်

ဗိုက်ဖုံးအင်္ကျီလေးရဲ့အပြင်ဘက်ကိုထွက်ရမယ်

ကလေးတွေအော်ကြသလိုမျိုး နင်အော်တယ်

သွားလေ

ငါတို့ကတော့

နောက်မနက်ဖြန်ကိုစောင့်ကြရဦးမှာ။

ပန်းတိုင်းပွင့်မယ့်နေ့

ဆိုတာကိုပေါ့။

ငယ်ငယ်တုန်းကမြို့ကလေးဆီ

နင့်အာရုံတွေရောက်တဲ့အခါ

ပြန်လာခဲ့ပါသူငယ်ချင်း။

မင်း

စင်္ကာပူကို လင်ယူဖို့ထွက်သွားတာလားညနေမိုး။ ။

အောင်မှူးဝေ

ကင်ဆာရောဂါ မဖြစ်အောင် အစိမ်းရောင် ပန်းဂေါ်ဖီကို အစပ်ဟင်း ချက်စားပါ

ကင်ဆာရောဂါ မဖြစ်အောင် အစိမ်းရောင် ပန်းဂေါ်ဖီကို အစပ်ဟင်း ချက်စားပါ

ကင်ဆာရောဂါ မဖြစ်အောင် အစိမ်းရောင် ပန်းဂေါ်ဖီကို အစပ်ဟင်း ချက်စားပါဘရိုကိုလီမှာ ကင်ဆာရောဂါဖြစ် နိုင်ခြေနည်းစေ တဲ့ဒြပ်ပေါင်းတွေ ပါဝင် ပါတယ်။ ဘရိုကိုလီကို mustard (မုန် ညင်းစေ့)နဲ့တွဲပြီး ချက်စားရင် ကင်ဆာ ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူး ပို ကောင်းမွန်တယ် လို့ လေ့လာမှု အသစ်အရ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး

ဗိုလ်ချုပ် ဇာတ်ရုပ် ဖြစ်ခွင့် မရသူ၏ ဆန္ဒ သဘောထား

ဗိုလ်ချုပ် ဇာတ်ရုပ် ဖြစ်ခွင့် မရသူ၏ ဆန္ဒ သဘောထား

 ဗိုလ်ချုပ် ဇာတ်ရုပ် ဖြစ်ခွင့် မရသူ၏ ဆန္ဒ သဘောထားဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားတွင် ဗိုလ်ချုပ် ဇာတ်ရုပ် အတွက် အတွက် ပဏာမ လူရွေးချယ် စာရင်းတွင် ပါဝင်လာခြင်း မရှိသည့် အတွက် ဗိုလ်ချုပ် ဇာတ်ကား ဖြစ်မြောက်ရေး ရုံးခန်းရှေ့ တွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော် ထုတ် ပြသနေ သည့် မြန်မာ့မောင်သန့် (သန့်ဇော်ထူး)
Popular News

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီး အပြည့်အဝ ပြန်ရမည်

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီး အပြည့်အဝ ပြန်ရမည်

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီး အပြည့်အဝ  ပြန်ရမည်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှ စတင် ကာ မြိုနယ်တစ်ခု လျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျ မီးပေး ခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရှိခြင်းကြောင့် ယခုကဲ့သို့သော အလှည့်ကျမီးပေးစနစ်ကို အသုံးပြုခဲ့ရသော်လည်း ယနေ့(ဧပြီလ ၆ ရက်နေ့) မှ စတင်ကာ နယ်စပ်ဒေသများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်များကို အပြည့်အဝပြန်တိုးမြင့်ထုတ်လုပ်စေကာ ယင်းကဲ့သို့ ပြန်လည်ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ရှင်းပြသည်။ “ အခုရက်ပိုင်း လျှပ်စစ်မီးက အလှည့်ကျပေးတော့ စက်မှုဇုန်တွေမှာ ကုန်လုပ်စွမ်းအားတွေပြန်ကျနေ တယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့အတိုင်းပဲ ကျေနပ်ရမှာပါ “ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်မှ အထွေထွေအတွင်ရေးမှူးဦးမျိုးသက်က ပြောကြားသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ယနေ့ မတ်လ ၂၉ မွန်းလွှဲ ၂ နာရီခန့်တွင် ၎င်း၏ ရုံးခန်း၌ The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။ ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
7Day News

မဲပြားပေါ်တွင် ဖယောင်း သုတ်ခြင်း ကိစ္စအား စစ်ဆေးမည်

မဲပြားပေါ်တွင် ဖယောင်း သုတ်ခြင်း ကိစ္စအား စစ်ဆေးမည်

မဲပြားပေါ်တွင် ဖယောင်း သုတ်ခြင်း ကိစ္စအား စစ်ဆေးမည်မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြု လုပ်ခဲ့သော ကြားဖြတ်ရွေးကောက် ပွဲ၌ မဲဆန္ဒနယ် အချို့၌ ဖြစ်ပွားခဲ့သည့် ဆန္ဒမဲ လက်မှတ်ပေါ်တွင် ဖယောင်း များ သုတ်ထား သည့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း စစ်ဆေး သွား မည် ဖြစ်ကြောင်း ရွေးကောက် ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စား လှယ်လောင်းများ ထံမှ သိရသည်။
ဆန္ဒမဲ လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန် ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော် ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေး သွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။
အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးများသို့ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေး ပါရန် နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
The Voice Journal

မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး များကျ


မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကျ မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ် ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရ သည်။
ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ၎င်းတို့က ပြောကြားသည်။
The Voice Journal

ဝိတ်ချနည်းများ

အလွယ်ကူဆုံး ဝိတ်ချနည်းများ


အလွယ်ကူဆုံး ဝိတ်ချနည်းများ
ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ
မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး တာကြောင့်နောက် ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှု အကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက် ကိုလည်း စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ် ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီ ဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အ တွက် ကောင်းမွန် တဲ့ အာဟာရ ကိုဖြစ်စေပါတယ်။
လေ့ကျင့်မှု
တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေ လိုလေ့ကျင့်မှုမျိုး ကိုပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကို တက်ကြွလန်း ဆန်းနေစေပါ တယ်။ ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာ ကြာကြီး လေ့ကျင့် ခန်းတွေမ လုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉၀ လောက်ပြုလုပ်ပေး ရင်လည်း အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ် အလေးချိန် ကျအောင်လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့် ချိန်ပမာဏကို သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ ဆရာနဲ့တိုင်ပင်ပါ။
နည်းနည်းစားပါ
နေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ် လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ် တွင်းသကြားဓာတ် ကို ထိန်းချုပ်နိုင်ပါတယ်။
ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ
ကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်း တက်စေ တယ်လို့ဆိုပါတယ်။
ကယ်လိုရီကို လျှော့ပါ
ခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့် အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျ အစားအစာ တွေ ထဲက အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။ ဟင်းရွက်တွေ ကို ကြော်စားမယ့် အစား ပြုပ် စားတာမျိုး၊ သုပ်စား တာမျိုးပြုလုပ်ပါ။
ပရိုတင်းလုံလောက်ပါစေ
ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့အမျိုးသမီးတစ်ရောက် အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်မှုအဆင့်မြှင့်တင်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုတိုး ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃၀ မှာ အရင်က သုံးမိုင် လောက်လမ်းလျှောက်နိုင်ခဲ့ တယ် ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃၀ မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်း အဆင့်မြင့်လာ တယ်လို့ဆို ပါတယ် ။လေ့ကျင့်ခန်းပြုလုပ်လို့ ကုန်ဆုံးသွားတဲ့ချွေးတွေ အတွက်ရေအလုံအလောက်ပြန် လည်သောက်သုံးပြီးရေဓာတ် ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။
အစာမဖြတ်ပါနဲ့
ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ ဖြတ်တောက် လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး ပေး ပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား ပြီး ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအ စာ တွေကိုတော့ စားပေးလို့ရပါတယ်။
တက်ကြွစွာနေထိုင်ပါ
လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့အတူ ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို လမ်းလျှောက် ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင်ယူပါ။ ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့် လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင့်ပေးပါ။

မန်လိုက်တဲ့ကော့သောင်းမီးသတ်ကားတွေ

မြန်လိုက်တဲ့ကော့သောင်းမီးသတ်ကားတွေ

ဒီနေ့ည အခုလေးတင် မြန်မာစံတော်ချိန် 9နာရီ ခွဲလောက်ကနေ စပြီးမီးလောင်ပါတယ်. မီးကတော့ အတော့်ကိုပြင်းတယ်လို့ ပြောရမှာပဲ. ဓါတ်ဆီလည်းရောင်းတယ်လို့ သိရပါတယ်. မီးလောင်တာကို တန်းသိတာနဲ့ အိမ်နီးချင်းများက ချက်ခြင်းအကြောင်းကြားပါတယ်. ချက်ခြင်း ရောက်လာတာကတော့ ကော့သောင်းသူ/သား များနှင့် ရဲဌာနဆိုင်ရာနှင့်အခြားဝန်ထမ်းများ ရောက်လာကြ လမ်းရှင်းကြနဲ့ အတော်လေးကို ရှုပ်ယှက်ခက်သွားပါတယ်. အခုတော့ မီးငြိမ်းသွားပါပြီ. ကော့သောင်းမီးသတ်များဟာ ပွဲခင်းများနှင့်အခြား ပျှော်ပွဲရွှင်ပွဲများတွင်တော့ မီးသတ်များ ရိုက်သတ်လို့တောင် မကုန်ပါဘူး. အခုတော့ မီးငြိမ်းခါနီးမှ ရောက်လာတာ ကော့သောင်းက အရံမီးသတ် ၃ ယောက်လောက်ပဲ တွေ့ပါတယ်. တစ်ခြားဌာနဆိုင်ရာများကတော့ တွေ့နေ ဖုန်းဆက်နေကြတာ တွေ့ပါတယ်. မော်တော်ပီကယ်တွေကတော့ ရေကားလာရင် လမ်းရှင်းဖို့အတွက် ကြိုတင်ပြင်ဆင်နေပါတယ်. တာဝန်သိပြည်သူများကတော့ မီးတောက်နေတဲ့ နေရာနားထိကို သွားပြီး မီးတောက်တွေကို တုတ်နဲ့ထိုးချ၊ ရေနဲ့ပတ်ပက်ကြနဲ့ အတော်ကိုညီကြပါတယ်. မီးသတ်ရာမှာ ကော့သောင်းသားများကတော့ တက်ညီလက်ညီ လုပ်ကြတာဟာ ၀မ်းသာအားရစရာပါ. ဒါပေမယ့် တကယ့်ကို မီးသတ်တဲ့နေရာမှာ သက်စွန့်ဆံဖျား ကြိုးစားပြီးတော့ ငြိမ်းသတ်ရမယ့် မီးသတ် ၃-၄ ယောက်ကတော့ မီးလောင်တဲ့ အောက်ခြေမှာ ယောင်ပေယောင်ပေနဲ့ ရှိနေဆဲပါ. သူတို့နဲ့မဆိုင်သလိုပါပဲ. ပွဲခင်းတွေ၊ ပျှော်ပွဲရွှင်ပွဲတွေဆိုရင်တော့ နံပါတ်တုတ်တွေနဲ့ များလိုက်တဲ့မီးသတ်တွေ ဘယ်ရောက်ကုန်တာလဲ ကျွန်တော်တော့ မပြောတတ်ပါ. အဓိကပြောပြချင်တာကတော့ ကော့သောင်းမှာ မီးသေအောင် သတ်တာဟာ ကော့သောင်း မီးသတ်ကားများတော့ မဟုတ်ပါဘူး. ရေရောင်းနေတဲ့ ကားတွေကနေ မီးသတ်သွားတာပါ. မီးလောင်တာ သိသိချင်း ရေလှည့်ရောင်းနေတဲ့ ရေကားတွေအားလုံး တစ်ပြိုင်နက်တည်း ရောက်လာပြီး စုပေါင်းမီးသတ်ပါတယ်. နောက်ဆုံးတက်ညီ လက်ညီနဲ့ မီးဝိုင်းသတ်ကြလို့ မီးသေသွားပေမယ့် ကော့သောင်း မီးသတ်ကားကြီးတွေကတော့ အိပ်ယာကနေတောင် မနိုးကြဘူးထင်ပါတယ်. အရိပ်အယောင်တောင် မတွေ့ရပါဘူး. အခုမီးလောင်တဲ့ နေရာနဲ့ မီးသတ်ဌာနနဲ့ဆိုရင် သိပ်မဝေးပါဘူး. မီးသတ်လစဉ်ကြေးကတော့ လတိုင်း (၂၀၀) နှစ်ရာ လာလာကောက်နေ ပါတယ်. ကျွန်တော်မေးချင်တာက အဲ့ဒီ့ မီးသတ်ကြေး (၂၀၀)က ဘာလုပ်ဖို့လဲ။ အခုလို ပြည်သူတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့လား။ ဘာအတွက်သုံးဖို့လာကောက်တာလည်း။ ဘာတွေလုံခြုံအောင် လုပ်ဆောင်သလဲ။ ကော့သောင်းသားတွေသာ မညီညွှတ်ဘူးဆိုရင် တစ်ခြားအိမ်တွေက ကြောချင်းကပ်နေတာပဲ အကုန်လုံး ပြုတ်ပြုတ်ပြုန်းသွားနိုင်ပါတယ်. ကော့သောင်းမီးသတ်လစဉ်ကြေးကတော့ လာကောက်တာ မပျက်ကွက်ပေမယ့်. တကယ်တမ်း မီးလောင်သွားတဲ့အချိန်မှာတော့ဖြင့် ကော့သောင်းမီးသတ်ကားများ ဆီပြတ်လို့လား၊ စက်နိုးလို့မနှိုးလို့လားတော့ မသိပါဘူး။ တစ်ခြားမလိုတဲ့အချိန်တွေ လူကြီးတွေ လာတဲ့အချိန်တွေမှာတော့ သရုပ်ပြကြတာ အောင်မယ်လေးလေး တကယ့်ကို သူရဲကောင်းကြီးတွေ အသက်ပေးမယ့် သူတွေလိုပါပဲ။ အထက်ကလူကြီးတွေကတော့ တကယ့်ကိုလုပ်မယ့် မီးသတ်အဖွဲ့လို့ ထင်သွားကြမှာပါ။ ဒါပေမယ့် တကယ်တမ်း အခုလိုလဲမီးလောင်ရော ရေရောင်းတဲ့ကားတွေနဲ့ အရပ်နဲ့အခြားဌာနဆိုင်ရာတွေကသာ ၀ိုင်းသတ်သွားကြတာ ကော့သောင်း မီးသတ်တွေ စွန့်စားပြီလုပ်တာ၊ ကိုင်တာ တစ်ခုမှ မတွေ့လိုက်ရပါကြောင်း ရင်ထဲရှိတာကို ဖွင့်ပြောလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကြီးအခုလိုမျိုး ဒီမိုကရေစီဆိုတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေမှာ မီးသတ်ဌာနများသည်လည်း သူများနိုင်ငံလို သက်စွန့်ဆံဖျား မီးသတ်တာမျိုး၊ လူကယ်တာမျိုး တစ်ချို့တွေ မီးသတ်ရင်း၊ လူကယ်ရင်းနဲ့ အသက်စွန့်သွားကြရတဲ့ သူများနိုင်ငံက မီးသတ်သမားများလိုမျိုး ဖြစ်သင့်ပါတယ်. မီးသတ်နဲ့သက်ဆိုင်တဲ့ video ထဲမှာတော့ တကယ့်ကို ချီးကျူးစရာဖြစ်နေပေမယ့်. ကော့သောင်းက မီးသတ်များကတော့ ဆန့်ကျင်ဘက်ပါဘဲ။ အခုရေးတာဟာ ဘာနိုင်ငံရေးမှ မပါပါဘူး. သတင်းအဖြစ် တမင်ဖော်ပြလိုက်တာပါ။ Mandalay တို့ ရန်ကုန်တို့မှာတော့ မီးသတ်ကားတွေ အတော်လေး ကိုမြန်ဆန်တာ တကယ်လုပ်တာဟာ ချီးကျူးစရာဖြစ်ပေမယ့်၊ ကော့သောင်းကတော့ ......... ရွာဦးကျောင်းက ဘုန်းကြီးကျောင်း ကြေးဆီထုသလိုမျိုး ............................. မထင် . ဟင် . ဟင် . ဟင် ပါပဲ.

စေတနာများစွာဖြင့်
ညီနေမင်း(နည်းပညာ)

သတိ။       ။နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်ခြင်းမရှိသလို လုပ်ဆောင်ခြင်းလည်း မရှိပါ။ ကော့သောင်းမှာ နေတဲ့အတွက် ကော့သောင်းက ဖြစ်ရပ်မှန် သတင်း တပုဒ်အဖြစ်သာ တင်ပြခြင်း သက်သက် ဖြစ်ပါတယ်. ပြုပြင်သင့်တဲ့ အချက်တစ်ချက်ကို ရင်ထဲရှိတဲ့အတိုင်း ရင်ဖွင့်ခြင်းသက်သက်ဖြစ်ပါတယ်။

ကံနိမ့်တဲ့အချိန်ရှိသလို ကံမြင့်တဲ့ အချိန်လည်းရှိပါတယ်.

ရွှေရင်ကျော်ဂိုဏ်းမှ ဂိုဏ်းဝင်အဖွဲ့သားများဖြစ်ပါက ဆက်သွယ်နိုင်ပါသည်။

ကျွန်တော် http://www.shweyinkyaw.org အမည်ဖြင့် ၀ဘ်ဆိုက်တစ်ခုအား အသစ်ထပ်မံပြုလုပ်လိုက်ပါတယ်. ဒီဝဘ်ဆိုက်လေးအကြောင်းကို မပြောခင်မှာ ကျွန်တော့်ရဲ့ မျိုးရိုးစဉ်ဆက်ဟာ ရွှေရင်ကျော်ဂိုဏ်းမှဖြစ် ပါတယ်. မေ့မေ့ဖက်က အမျိုးတွေ အားလုံးနီးပါးလိုပါပဲ။ ရွှေရင်ကျော် ပညာမှာ အဆင့်(၉)ဆင့်ရှိပါတယ်. ယခုပညာဟာ တစ်ကယ်တော့ မျက်စိနဲ့မမြင်နိုင်တဲ့ magic လို့ခေါ်တဲ့ စိတ်ပညာရပ်ဖြင့် ကုသရတဲ့ပညာပါ. တစ်ချို့ကပြောကြပါတယ်. ဘုရား၊ တရား၊ သံဃာ ကိုသာ အမြဲသတိရနေ ဘယ်အောက်လမ်းမှ လုပ်မရဘူးဆိုတဲ့ အစွဲတစ်ခုပါ. တစ်ကယ်တော့ လူတစ်ယောက်မှာ ကံနိမ့်တဲ့အချိန်ရှိသလို ကံမြင့်တဲ့ အချိန်လည်းရှိပါတယ်. ကံမြင့်နေတဲ့အချိန်မှာ ဘာမှလုပ်မရပေမယ့် ကံနိမ့်နေတဲ့ အချိန်မှာ အောက်လမ်း အတတ်ပညာဖြင့် ပြုလုပ်လို့ရပါတယ်. ခြေသည်း၊ လက်သည်း၊ ဆံပင်၊ ဘိနပ်၊ အသုံးအဆောင် ပစ္စည်းများ၊ ဓါတ်ပုံ စသဖြင့် ရရှိခဲ့လျှင် အဆိုပါ ပစ္စည်းများဖြင့် ပြုစားလို့ရပါတယ်။ ဒါယခုကော့သောင်းက (၁၀)မိုင် ဆိုတဲ့ကျေးရွာမှာ ဆိုရင် အောက်လမ်းသမားများ ကျက်စားရာ ဒေသလို့လဲ ခေါ်ပါတယ်. ရူးအောင်၊ ဒုက္ခိတဖြစ်အောင်၊ သေအောင် စသဖြင့် ပြုလုပ်လို့ရပါတယ်။ ယခုအချိန်အထိ ရှိပါတယ်။ ဒါတွေဟာ စိတ်စွမ်းအင်နဲ့ ပြုလုပ်ရတဲ့ အတတ်ပညာတွေပါ။ လက်ခံတဲ့သူ ရှိသလို လက်မခံတဲ့သူလည်းရှိပါတယ်။ သံဃာတော်တွေတောင်မှ တစ်ချို့သံဃာတော်တွေ ဆွမ်းခံကြွနေရင်းကနေ ပြုလုပ်လိုက်တာ ရှိပါတယ်။ အမျိုးမျိုးပါပဲ။ ဆွမ်းခံသွားတဲ့ သံဃာတော်ဟာ အိမ်ခြံဝင်းထဲကို ၀င်ခွင့်မရှိပါဘူး။ တစ်ချို့သံဃာတော်တွေကိုတောင်မှ အောက်လမ်းပညာဖြင့် ပြုစားထားမှု့ကြောင့် ကုသပေးရတဲ့ အဆင့်အထိ ရှိပါတယ်. သက်သေဓါတ်ပုံတွေ လည်းရှိပါတယ်. တစ်ချို့အမျိုးသမီးများ/အမျိုးသားများဟာ ပါးစပ်ကသာ ဘုရားဘုရား နှစ်ခါလောက်ပြောပြီး ခဏနေရင် ပါးစပ်ကနေ မဟုတ်ကဟုတ်ကတွေနဲ့ ဆဲပါတယ်. အဲ့လိုပါးစပ်မျိုး ရှိတဲ့သူမျိုးမှာ ကောင်းတဲ့နတ် မကပ်ပါဘူး. ပြုလုပ်လို့လွယ်ပါတယ်. တကယ့်ကို ငါးပါးသီလ လုံခြုံတဲ့သူမျိုး ဆိုရင်တော့ ပြုလုပ်လို့မရနိုင်ပါဘူး။ လူ့လောကမှာ ငါးပါးသီလမြဲဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ လိမ်နေကြတာပါ။ သူငယ်ချင်းတစ်ယောက်က ပိုက်ဆံလာချေးတယ်။ ရှိရဲ့သားနဲ့ မရှိဘူးပြောလိုက်တာဟာ လိမ်တာပါပဲ။ ဒါဟာ ငါးပါးသီလထဲက တစ်ပါးကို ချိုးဖောက်လိုက်တာပါ။ ဘုရားတော်မှာ ပညတ်ချက်ရှိပါတယ်။ သံဃာတော်တွေ ဆေးကုခွင့်၊ တန်ခိုးပြခွင့်၊ အောက်လမ်းများကို နှိမ်နှင်းခွင့်မရှိပါဘူး။ ဒါပေမယ့် အိမ်တွေမှာဆိုရင်တော့ အိမ်သူအိမ်သားများအားလုံး ကြေနပ်လျှင် အိမ်တွင်ရှိသည့် မိစ္ဆာများကို ကမ္မ၀ါဖတ်ပြီး နှင်ထုတ်ခွင့်ရှိပါတယ်။ ဒါကလည်း အိမ်သူအိမ်သားတွေ ကြေနပ်မှပါ။ တစ်ချို့သံဃာတော်တွေ ဆေးကုနေတာကို တွေ့နေရပါတယ်။ သံဃာတော်မှာ ဆေးဖော်စပ်တာ၊ ဆေးကုတာ၊ အောက်လမ်းနှိမ်နှင်းတာ လုပ်ခွင့်မရှိတဲ့အတွက်။ လူတွေကနေ သစ္စာဆိုပြီး ရွှေရင်ကျော်ပညာလုမျိုး ပညာရပ်ကို တစ်ဆင့်ချင်းတက်ရပါတယ်။ ဂိုဏ်းပေါင်းများစွာ ရှိသလို သူ့ပညာနဲ့သူရှိကြပါတယ်။ ကျွန်တော်ကတော့ ရွှေရင်ကျော်ပညာကိုတော့ ယူထားပါတယ်။ ဒါပေမယ့် ပထမ မိမိကိုယ်ကိုယ် ယုံကြည်မှု့မရှိခဲ့ပါဘူး။ ဆေးကုသရာမှာ မိမိကိုယ်ကိုယ်ယုံကြည်နေဖို့က အဓိကကျပါတယ်။ ပါးစပ်ကနေ အမိန့်ပေး တဲ့နေရာမှာ ကအစ အာဏာသံပါရပါတယ်. ရွှေရင်ကျော်ပညာအား စိတ်ဝင်စားသူများကို ကုသထားသည့် video ဖိုင်များ၊ ဓါတ်ပုံများဖြင့် သက်သေပြပါ့မယ်။ မျက်စိစုံလုံးကမ်းနေတဲ့ မျက်စိထဲကနေ သဲတွေ ထွက်လာတာ၊ ပါးစပ်ထဲကနေ ဆံပင်တွေထွက်ကျလာတာ၊ အတတ်ပညာ မျိုးစုံဖြင့် ပြုလုပ်ထား ပါတယ်။ ပြုစားထားလို့ အောက်တစ်ပိုင်းသေနေ တဲ့သူ ပြန်ကောင်းသွားတာ စသည့် ကုသထားသည့် video၊ Photo များကို လူတိုင်းကြည့်ရှု့ခွင့် ရှိပေမယ့် ဆေးကုသတဲ့စာအုပ်ကိုတော့ ဂိုဏ်းသားမှလွဲပြီး ကြည့်ရှု့ခွင့်မရှိပါဘူး။ ယခုဒီဝဘ်ဆိုက်လေး ပြုလုပ်လိုက်တဲ့ ရည်ရွယ်ချက်က ကျွန်တော့်အဘိုးဖြစ်သူကို ကျေးဇူးဆပ်တဲ့အနေနဲ့ကော အနယ်နယ် အရပ်ရပ်မှာ ရောက်နေတဲ့ ဂိုဏ်းသားများအားလုံး online ပေါ်မှာ တွေ့ဆုံခွင့် ပညာဖလှယ်ခွင့် ရအောင် ပြုလုပ်စီစဉ်သွားမည် ဖြစ်ပြီး၊ ကမ္ဘာမှ သိပ္ပံဆိုင်ရာပစ္စည်းများဖြင့် ရှာဖွေဖော်ထုတ်လို့မရနိုင်သည့် ပညာရပ်များကို ယခုဝဘ်ဆိုက်တွင် ကြည့်ရှု့နိုင်မည် ဖြစ်ပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ သုံးခဲ့တာက "အင်း" ပါ၊ ခု ကျွန်တော်တို့ သုံးတာက "စမ" ပါ မတူပါဘူး။ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့ ဆိုတာ ကြားဖူးမှာပါ။ ထိုင်းနိုင်ငံသားတွေဟာ "အင်း" ပညာရပ်တွေကို ယခုအထိ သုံးနေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်။      ။ မကြာမီ social network ၀ဘ်ဆိုက်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတိုးတက်လာဖို့ လူတိုင်းမှာ တာဝန်ရှိသည်

မြန်မာနိုင်ငံတိုးတက်လာဖို့ လူတိုင်းမှာ တာဝန်ရှိသည်

ကျွန်တော် နိုင်ငံရေးမလုပ်ခဲ့သလို၊ ယခုအချိန်အထိလည်း စိတ်ဝင်စားမှု့မရှိခဲ့ပါဘူး. ဒါပေမယ့် ကျွန်တော့်မှာ အဖေနှစ်ယောက်ရှိပါတယ်. ပထမအဖေကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ၊ ဒုတိယအဖေကတော့ ကျွန်တော့်ကို မွေးထုတ်ပေးခဲ့တဲ့ အဖေပါ. ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ video ဖိုင်တွေကို မြင်တွေ့ရရင် ရင်ထဲမှာ အလိုလိုနေရင်းနဲ့ နှမျှောတသခြင်း၊ ၀မ်းနည်းကြေကွဲခြင်း တွေအပြင် ဈာပန အခမ်းအနားကို မြင်တွေ့လိုက်ရရင်တော့ မျက်ရည်ပါ ၀ိုင်းခဲ့မိတဲ့အထိပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်ဟာ ဘယ်သူမှ မလုပ်ရဲတဲ့ မလုပ်နိုင်တဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့အသက်တွေကို ပြည်သူတွေအတွက် ပေးလှူပြီးတော့ လုပ်ဆောင်သွားတာဟာ ကျွန်တော်တို့အတွက် တစ်ကယ့်ကို နမူနာယူသင့်တဲ့ စိတ်ဓါတ်ပါ. ပထမဦးဆုံး ကျွန်တော်တို့ကျောင်းသား ဘ၀တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ကျောင်းတိုင်းရဲ့ စာသင်ခန်းရဲ့ထိတ်ဆုံးမှာ ချိတ်ထားတတ်ပါတယ်. ဒါပေမယ့် နောက် ပိုင်း ပြန်ဖြုတ်ခိုင်း လိုက်တဲ့ခဏမှာ ရင်ထဲမှာ စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။

အခုပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားနေတာ တကယ့်ကို မြန်မာနိုင်ငံ ကြီးတိုးတက် ဖို့ကြိုးပမ်းနေတာဟာ ရင်ထဲမှာ အရမ်းကို ကြေနပ်မိပါတယ်။ နိုင်ငံခြားသားတွေ Burma ဆိုတာကို မေးရင် မသိပေမယ့် Thailand ကိုမေးရင် သိပါတယ်။ အဲ့လိုမျိုးတွေနဲ့ နိုင်ငံခြားမှာ နေစဉ် မကြာခဏ ကိုယ့်နိုင်ငံအကြောင်းပြောပြမယ်ဆိုတိုင်း I'm Burma. Do you know my country "Burma" (or) "Myanmar". They answered me Just same answer. NNNNNNNNNNNNN OOOOOOOOO. ဒါပါပဲ. ကိုယ့်နိုင်ငံအမည်ကိုတောင်သူတို့ မသိကြတော့. နိုင်ငံရဲ့ အခြား အလှအပတွေ၊ သယံဇာတပေါကြောင်း၊ အခုထိုင်းမှာ တွေ့မြင်နေရတဲ့ သူတို့အဓိကထားရိုက်တဲ့ ရှေးတုန်းက ဘုရားတွေထက် ပိုရှေးကျတဲ့ ဘုရားပုထိုးပေါင်းများစွာရှိကြောင်း ပြောဖို့ နှုတ်ဆွံ့အသွားခဲ့ရပါတယ်။ အခုဒီမိုကရေစီ နိုင်ငံဖြစ်သွားခဲ့ရင်တော့ မြန်မာနိုင်ငံ ဆိုတာကို နိုင်ငံခြားသားတိုင်း သိသွားကြမှာပါ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသားတွေထက် ဦးနှောက်ပိုင်းရော၊ အတွေးအခေါ်ပိုင်းရော သာလွန်တဲ့အပြင်၊ စိတ်ဓါတ်ပိုင်းပါ သာလွန်နေတဲ့အတွက်ပါ။ ယခုလက်ရှိ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံတွေမှာ လုပ်နေတဲ့သူများအားလုံးကို တောင်းပန်ချင်ပါတယ်. အထူးသဖြင့် ထိုင်းနိုင်ငံပေါ့။ ထိုင်းနိုင်ငံမှာ လုပ်နေတာ မြန်မာအလုပ်သမား သန်းနဲ့ချီပြီးရှိပါတယ်. အဲ့ဒီ့အလုပ်သမားများအားလုံးကို ကျေးဇူးပြုပြီးတော့ တစ်ခုပြောချင်ပါတယ်. မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်သွားခဲ့ရင်. ကိုထိုင်းနိုင်ငံမှာ တတ်ထားတဲ့ ပညာရပ်တွေနဲ့ ထိုင်းနိုင်ငံမှာ ထပ်ပြီးတော့ မလုပ်တော့ပဲနဲ့ အဲ့ဒီ့ပညာရပ်တွေနဲ့ မြန်မာပြည်တိုးတက်အောင် ကြိုးပမ်းပေးဖို့အတွက် ပြန်လာစေချင်တာပါ. ဒါမှသာ ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံထက် သာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ. အတတ်ပညာရှင်အားလုံး ဒီမိုကရေစီ နိုင်ငံဖြစ်လာပြီဆိုရင် အမိမြန်မာနိုင်ငံမှာ ပြန်လာပြီး အကျိုးပြုပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်. တရုတ်နိုင်ငံသားတွေလို စိတ်ဓါတ်တွေ ခိုင်ခိုင်မာမာထားပေးပါ. တရုတ်နိုင်ငံက ပညာရှင်များဟာ သူ့နိုင်ငံတိုးတက်ဖို့အတွက် သူ့နိုင်ငံမှာပဲ အလုပ်လုပ်ကြပါတယ်. တစ်ခြားနိုင်ငံကို ဘယ်တော့မှ သွားပြီမလုပ်ကြပါဘူး. ဒါဟာ တရုတ်နိုင်ငံတိုးတက်ဖို့အတွက် အဓိက သော့ချက်ပါပဲ. အဲ့လိုပဲ မြန်မာနိုင်ငံသားများလည်းပဲ တရုတ်တွေလို စိတ်ဓါတ်ထားပြီး မြန်မာနိုင်ငံတိုးတက်ဖို့အတွက် ၀ိုင်းဝန်းကြိုးပန်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်.

အခုဆန္ဒမဲပေးတဲ့နေရာမှာလည်းပဲ ကျွန်တော်တို့နိုင်ငံတော်ကို တကယ်တိုးတက်အောင် လုပ်ဆောင်နိုင်မည့် အဖွဲ့အစည်းကို သေချာစဉ်းစားပြီး စိတ်ဓါတ်ခိုင်ခိုင်မာမာထားရင်းနဲ့ သတ္တိရှိရှိမဲပေးကြပါ. နှမ်းတစ်လုံးကောင်းလို့ ဆီမဖြစ်နိုင်ပေမယ့်. ဆီဖြစ်လာဖို့အတွက် နှမ်းတစ်လုံးတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်. နှမ်းတစ်လုံးချင်းစီသာ စုပေါင်းမထားရင် ဆီဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး. အဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ဆီဖြစ်လာဖို့ မိမိကိုယ်ကိုယ် နှမ်းတစ်လုံးအဖြစ် ခံယူပေးကြပါ. ဆန္ဒမဲပေးရမှာ မဲတစ်စောင်ဟာ ဘာမှမဟုတ်လောက်ပါဘူးကွာလို့ မခံယူလိုက်ပါနဲ့. အဲ့ဒါ နှမ်းတစ်စေ့ပါပဲ. မဲပေးရာမှာ မှန်ကန်တဲ့ စိတ်ဆန္ဒနဲ့ ရဲရဲဝံ့ဝံ့မဲပေးပေးကြပါလို့ သတိပေးနှိုးဆော်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံတိုးတက်လာဖို့ အဖက်ဖက်က တတ်နိုင်သလောက်၊ တတ်စွမ်းသလောက်အကျိုးပြုနိုင်ဖို့အတွက် စိတ်ဓါတ်ရဲဝံ့ကြပါလို့ ဆန္ဒပြုရင်းနဲ့ မြန်မာနိုင်ငံတိုးတက်လာဖို့အတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်ဆိုတာကို အသိပေးနှိုးဆော်လိုက်ပါတယ်. ကျွန်တော်လည်းမဲပေးရာမှာ အများပြည်သူတွေရဲ့ ဆန္ဒအတိုင်း မဲပေးဖို့ ဆုံးဖြတ်ထားပါတယ်.

(အခွင့်အရေးဆိုတာတော့ တစ်ကြိမ်တော့ ရတတ်ပါတယ်. ရတဲ့အခွင့်အရေးကို အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်. အခု ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က လွတ်လပ်ခွင့်တွေနဲ့ အခွင့်အရေးတွေ ပေးနေပါပြီ။  ကျွန်တော်တို့လည်းပဲ ကိုယ့်ရဲ့ခံယူချက် တစ်ခုကို တစ်စိုက်မတ်မတ် ယတိပြတ်ဆုံးဖြတ်ချက်ချပြီး မဲပေးပေးပါ. ဆေးကျောင်းမှာလိုပါပဲ. ဆေးကျောင်းတက်ဖို့ အမှတ်တစ်မှတ်ကလေးလိုတာနဲ့ ဆရာဝန်တော့ ဆရာဝန်ပါပဲ ဒါပေမယ့် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေး(တိ မွေး ကု)ကိုပဲ ရလိုက်တာဟာ အမှတ်တစ်မှတ်ကလေးလိုသွားလို့ ဖြစ်သွားတယ်ဆိုတာကို မမေ့ပါနဲ့။ အဲ့အတွက်ကြောင့် မဲတစ်မဲဟာလည်းပဲ အရမ်းအရေးကြီးပါတယ်။ ပေါ့ပေါ့လျော့လျော့မတွေးထားပါနဲ့။)
မြန်မာပြည်သူ/သားအားလုံးကိုချစ်တဲ့ တန်ဖိုးထားတဲ့
ညီနေမင်း(နည်းပညာ) ...........ကိုညီ့ ဆိုက်မှကူယူတင်ပြပါသည်။byမင်းမင်း

မုန့် ဟင်းခါးချက်စားကြရအောင်..

မုန့် ဟင်းခါးချက်စားကြရအောင်..

 ငါးခူ၊ ဂျင်၊စပါးလင်၊ကြက်သွန်နီ၊ ဖြူ ဆန်မှုန့် ၊နနွင်းဆား၊၊ ပဲကျက်မှုန့်၊ငံပြာရည်၊ငရုပ်ကောင်း
ပထမ ငါးကိုငံပြာရည် နနွင်း ဆား အချိုမှုန့် စပါးလင်နဲ့ ပြုတ်ပါ....ပုံပါအတိုင်အသားနွှာထားပါ..
ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားပါ။။ထောင်းလို့လည်းရပါတယ်။။

 ဒီပုံအတိုင်းကြက်သွန်နီဆီအရင်သက်ပါ... ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားထည့်ပါ..
အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ လိုသလောက်ပေါ့ စပ်မယ်နော် သတိ..:)
 ပြီရင်ငါးထည့်ဆီသက်ပါ.. မွှေးလာပြီဆို ငါးပြုတ်ရေထဲထည့်လိုက်ပါ...
ဆူလာရင်တော့ ဆန်မှုန့်၊ ပဲကျက်မှုန့်ရေဖျော်ထည့်ပါ..ဟင်းရည်ချိုအောင် အချိုမှုန့်သုံးနိုင်ပါတယ်..မိနစ် (၂၀ )လောက်တော့ထားပြီ.. ငရုပ်ကောင်းမှုန့်ထည့်လိုက်ပါ အပေါ့အငန်မြည်းပြီ သုံးဆောင်လို့ရပါပြီ:)



တနင်္ဂနွေကလုပ်စားဖြစ်တာပါ မတင်ဖြစ်တာ အခုတော့အားရပါရစားသွားကြပါနော်...
မေ့နေတာ နံနံပင်၊သံပရာသီး၊ ကြက်ဥကတော့ အဆင်ပြေသလိုပေါ့...
ပဲကြော်တော့လမင်းမြန်မာဆိုင်က၀ယ်ထားတာကျန်တာလေးထည့်ထားတာပါ..
ငရုပ်သီးပါတာလမင်းစားမလို့နော်..:

ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..

ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..


ဒီတခါတော့ငါးသာလောက်ပေါင်းကြတာပေါ့ လမင်းကငါးသာလောက်ဆို အချဉ်လေးနဲ့ ချက်တာပဲ
ကြိုက်တာပါ။။ တချို့ကတော့အရိုးကြောက်ကြတော့ ပေါင်းစားတတ်ကြပါတယ်။။
စကားရှည်နေတာ ပါဝင်တဲ့ပစ္စည်းတွေပဲ ပြောတော့မယ်။။

စပါးလင်၊ ကြက်သွန်နီ၊ဆား၊အချိုမုန့်၊ ခရမ်းချဉ်သီး၊ ရှလကာရည်၊နနွင်
ငါးကို ဆား အချိုမုန့် ရှလကာရည် နနွင် တို့နဲ့ မိနစ်(၃၀) လောက်နယ်ထားပါ။




ပြီရင်ပြထားတဲ့ပေါင်းအိုးကို အောက်ခံအနေနဲ့ စပါးလင်ခံထည့်ပါ အနံသဘောနဲ့ အိုးမကပ်အောင်ပေါ့ :D


ပြီရင် ပုံအတိုင်း အိုးထဲကိုနယ်ထားတဲ့ငါးထည့်ပြီ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲငံပြာရည်အရောင်အနေနဲ့
ထည့်ပါ ငရုပ်သီးသုံးချင်လည်း ပဲငံပြာရည်အစား ငရုပ်သီးထည့်ပါ။။
ရေကို ငါးမြုပ်အောင်ထည့်ပြီ (၄၅) မိနစ် ပေါင်းပါ။ပြည့်လိုရေရှိသေးတယ်ဆို ဆီပြန်အောင်ထားလိုက်ပါ။
 အခုလိုစားချင်စဖွယ်ရသွားပါပြီ
အဆင်ပြေပါစေနော် ၄၅ မိနစ်ပြည့်ရင်ရေကျန်နိုင်ပါတယ်။။ ဆီပြန်အောင်ထားရမယ်နော်။။
အခုဆို လမင်းသီချင်းပဲဆိုနေတယ်လို့ ပြောရဘူးနော်.. ဟင်းလည်းချက်ပါတယ်။။

Today Market Rates (06 April 2012)

Today Market Rates (06 April 2012)



From Singapore (SG PNSL Market Zone) to YGN,
1 SGD: 648 Ks @04:30PM, SG - AStar Online Shop

YGN OPEN Market Zone @YGN Time-12:30PM
100 Ks: 0.772 - 0.7735 (China Yuan)
100 Ks: 3.785 - 3.775 (Thailand Baht)
100 Ks: 10.36 - 10.31 (Bangladesh Taka)
1 USD: 813 - 816 Ks
1 FEC: 812 - 815 Ks
Earning : 850 - 851 Ks
1 SGD: 660 Ks
Gold: 719,000 Ks (YGN) | 718,600 Ks (MDY)

YGN CLOSE Market Zone @YGN Time - 3:00PM
100 Ks: 0.772 - 0.773 (China Yuan)
100 Ks: 3.785 - 3.775 (Thailand Baht)
100 Ks: 10.36 - 10.31 (Bangladesh Taka)
1 USD: 813 - 816 Ks
1 FEC: 810 - 814 Ks
Earning : 845 - 847 Ks
1 SGD: 660 Ks
Gold: 720,000 Ks (YGN) | 719,700 Ks (MDY)

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ ရန်...

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ ရန်...

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ

ရန်ကုန်၊ ဧပြီ-၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟု ဧပြီလ ၂ ရက် နိုင်ငံပိုင် ရုပ်သံ မီဒီယာများ၌ စတင်ဖော်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု ဘင်္ဂလားဒေ့ရှ်လေတပ်ဦးစီးချုပ်နှင့် ဧပြီ ၂ရက်က တွေ့ဆုံစဉ် နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြစဉ် ပထမဆုံးအကြိမ်သုံးနှုန်းခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတော်အဆင့်မြင့်အရာရှိကြီး ၅ ဦးမှာ မတ်လ ၃၀ ရက်မှစတင်၍ အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဗိုလ်ချုပ်ကြီးစိုးဝင်းဟူ၍လည်းကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်းကို ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဟူ၍လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းဟူ၍လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဗိုလ်ချုပ်ကြီးမြတ်ဟိန်းဟူ၍လည်းကောင်း အသီးသီးဖြစ်လာသည်။

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး က...

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး က...

ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင် ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်တို့ကပြောသည်။

သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများကဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီး

တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်းလျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် စက် ၂ လုံးထပ်မံတပ်ဆင်

လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။

သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင် ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ြ...

ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ြ...

ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ယနေ့သတင်းထောက်များသို့ ပြောကြားလိုက်သည်။
“မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီး ရပ်ဆိုင်းထားဖို့ကြေညာခဲ့ပါတယ်။ အစိုးရအကြီးအကဲ သမ္မတကြီးနဲ့ လွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝရပ်ဆိုင်းထားပါတယ်”ဟု ယနေ့ညနေ (ဧပြီ၆ရက်)တွင် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် ကေအင်န်ယူတို့အကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားသော်လည်း စီမံကိန်း စတင်သည်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် စီမံကိန်းရှိ ရွှေ့ပြောင်းရခက်ခဲသော ပစ္စည်းများကို စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့သာ ထားရှိထားကြောင်းလည်း ဦးဇော်မင်းက ရှင်းလင်းပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အသက်ကို မိမိကယ်တင်ခဲ့ကြောင်း ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထ...

ဒေါ်အောင်ဆန်းစုကြည်၏အသက်ကို မိမိကယ်တင်ခဲ့ကြောင်း ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထ...

ဒေါ်အောင်ဆန်းစုကြည်၏အသက်ကို မိမိကယ်တင်ခဲ့ကြောင်း ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထုတ်ဖော်
ဘန်ကောက်၊ ဧပြီ - ၈
ပြီးခဲ့သည့် ဇန်န၀ါရီလတွင် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည့် မြန်မာဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့်က ၎င်းသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ အသက်ကို ကယ် တင်နိုင်ရန် ပုဂ္ဂိုလ်ရေးအရ ကြား ဖြတ်စွက်ဖက်ခဲ့ရဖူးကြောင်း ဘန်ကောက်ပို့စ်သတင်းစာသို့ ထုတ်ဖော်ပြောကြားလိုက်သည်။
ယခင် တပ်မတော်ထောက် လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်က ၎င်းင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် စစ် ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အပြင် ဘက်တွင် အစိုးရလိုလားသူ လူ အုပ်က ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းအား တိုက်ခိုက်ရာ၌ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်အင်တာဗျူးတစ် ခုတွင် ပြောကြားလိုက်ခြင်းဖြစ် သည်။
ဒီပဲယင်း လူသတ်ပွဲတွင် သေဆုံးသူဦးရေကို တစ်ခါမျှ အတည်မပြုရသေးသော်လည်း မြန်မာ့အတိုက်အခံဘက်ကမူ လူ ၅၀ ခန့် သေဆုံးကြောင်းပြောဆို ထားသည်။ ယနေ့ (တနင်္ဂနွေနေ့) တွင် ဘန်ကောက်ပို့စ်နှင့် ပြုလုပ် သော အင်တာဗျူး၌ ဦးခင်ညွန့်က "အဲဒီ့ညမှာ လူအုပ်ထဲကနေ သူမ (ဒေါ်အောင်ဆန်းစုကြည်)ကိုကယ်ဖို့ ကျွန်တော့်လူတွေကို စေလွှတ်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်အောင် ဆန်းစုကြည်ကို အနီးနားက စစ်တပ်စခန်းတစ်ခုဆီလုံခြုံမှုရအောင် ခေါ်သွားခဲ့ပါတယ်"ဟုပြောသည်။
ဦးခင်ညွန့်သည် ဒေါ်အောင် ဆန်းစုကြည်အား ၎င်း၏ ညီမ ငယ်တစ်ဦးအဖြစ် ရည်ညွှန်းဖူးပြီး၊ သူမ၏ စိတ်ဓာတ်ခိုင်မာမှုကို အစ်ကိုတစ်ဦးကဲ့သို့ ချစ်ခင်လေး စားကြောင်း ထုတ်ဖော်ပြောခဲ့သည်။