Sunday, April 8, 2012

ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..

ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..


ဒီတခါတော့ငါးသာလောက်ပေါင်းကြတာပေါ့ လမင်းကငါးသာလောက်ဆို အချဉ်လေးနဲ့ ချက်တာပဲ
ကြိုက်တာပါ။။ တချို့ကတော့အရိုးကြောက်ကြတော့ ပေါင်းစားတတ်ကြပါတယ်။။
စကားရှည်နေတာ ပါဝင်တဲ့ပစ္စည်းတွေပဲ ပြောတော့မယ်။။

စပါးလင်၊ ကြက်သွန်နီ၊ဆား၊အချိုမုန့်၊ ခရမ်းချဉ်သီး၊ ရှလကာရည်၊နနွင်
ငါးကို ဆား အချိုမုန့် ရှလကာရည် နနွင် တို့နဲ့ မိနစ်(၃၀) လောက်နယ်ထားပါ။




ပြီရင်ပြထားတဲ့ပေါင်းအိုးကို အောက်ခံအနေနဲ့ စပါးလင်ခံထည့်ပါ အနံသဘောနဲ့ အိုးမကပ်အောင်ပေါ့ :D


ပြီရင် ပုံအတိုင်း အိုးထဲကိုနယ်ထားတဲ့ငါးထည့်ပြီ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲငံပြာရည်အရောင်အနေနဲ့
ထည့်ပါ ငရုပ်သီးသုံးချင်လည်း ပဲငံပြာရည်အစား ငရုပ်သီးထည့်ပါ။။
ရေကို ငါးမြုပ်အောင်ထည့်ပြီ (၄၅) မိနစ် ပေါင်းပါ။ပြည့်လိုရေရှိသေးတယ်ဆို ဆီပြန်အောင်ထားလိုက်ပါ။
 အခုလိုစားချင်စဖွယ်ရသွားပါပြီ
အဆင်ပြေပါစေနော် ၄၅ မိနစ်ပြည့်ရင်ရေကျန်နိုင်ပါတယ်။။ ဆီပြန်အောင်ထားရမယ်နော်။။
အခုဆို လမင်းသီချင်းပဲဆိုနေတယ်လို့ ပြောရဘူးနော်.. ဟင်းလည်းချက်ပါတယ်။။

No comments:

Post a Comment