Sunday, April 8, 2012

မုန့် ဟင်းခါးချက်စားကြရအောင်..

မုန့် ဟင်းခါးချက်စားကြရအောင်..

 ငါးခူ၊ ဂျင်၊စပါးလင်၊ကြက်သွန်နီ၊ ဖြူ ဆန်မှုန့် ၊နနွင်းဆား၊၊ ပဲကျက်မှုန့်၊ငံပြာရည်၊ငရုပ်ကောင်း
ပထမ ငါးကိုငံပြာရည် နနွင်း ဆား အချိုမှုန့် စပါးလင်နဲ့ ပြုတ်ပါ....ပုံပါအတိုင်အသားနွှာထားပါ..
ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားပါ။။ထောင်းလို့လည်းရပါတယ်။။

 ဒီပုံအတိုင်းကြက်သွန်နီဆီအရင်သက်ပါ... ဂျင်နဲ့ စပါးလင် ကြက်သွန်ဖြူကိုကြိတ်ထားထည့်ပါ..
အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ လိုသလောက်ပေါ့ စပ်မယ်နော် သတိ..:)
 ပြီရင်ငါးထည့်ဆီသက်ပါ.. မွှေးလာပြီဆို ငါးပြုတ်ရေထဲထည့်လိုက်ပါ...
ဆူလာရင်တော့ ဆန်မှုန့်၊ ပဲကျက်မှုန့်ရေဖျော်ထည့်ပါ..ဟင်းရည်ချိုအောင် အချိုမှုန့်သုံးနိုင်ပါတယ်..မိနစ် (၂၀ )လောက်တော့ထားပြီ.. ငရုပ်ကောင်းမှုန့်ထည့်လိုက်ပါ အပေါ့အငန်မြည်းပြီ သုံးဆောင်လို့ရပါပြီ:)



တနင်္ဂနွေကလုပ်စားဖြစ်တာပါ မတင်ဖြစ်တာ အခုတော့အားရပါရစားသွားကြပါနော်...
မေ့နေတာ နံနံပင်၊သံပရာသီး၊ ကြက်ဥကတော့ အဆင်ပြေသလိုပေါ့...
ပဲကြော်တော့လမင်းမြန်မာဆိုင်က၀ယ်ထားတာကျန်တာလေးထည့်ထားတာပါ..
ငရုပ်သီးပါတာလမင်းစားမလို့နော်..:

No comments:

Post a Comment