Sunday, April 8, 2012

စင်္ကာပူကို လင်ယူဖို့သွားတာလားညနေမိုး (သို့ ) ပြောမနာဆိုမနာကဗျာ- ၁

စင်္ကာပူကို လင်ယူဖို့သွားတာလားညနေမိုး (သို့ ) ပြောမနာဆိုမနာကဗျာ- ၁


ငယ်ငယ်တုန့်းကမြို့ကလေးဆီ

နင့်အာရုံတွေပြန်မရောက်တော့ဘူး

သွားတော့မယ်နော်

သြော်..

အဆီဗူးတွေဈေးတက်သွားပြီအောင်မှူးဝေ..တဲ့

အဆက်စပ်မရှိတဲ့စကားတွေနဲ့တွေ့လိုက်တိုင်း

သွေး(စစ်ကိုင်း)နဲ့နင်ကဒီလိုပဲ

ကဗျာဆရာဆိုတာ အုပ်စုဖွဲ့မိုးရေစက်များပါပဲဟာ

မိုးကောင်းတုန်းကရွာချခဲ့ရင်

နင်လည်းအခုလောက်အထီးကျန်မှာမဟုတ်။

ငါလည်းအပျိုကြီးတွေကိုပီဇာကျွေးရတဲ့ဒုက္ခကနေလွတ်မြောက်ခွင့်ရမယ်။

အပြင်ထွက်ရမယ်

ဗိုက်ဖုံးအင်္ကျီလေးရဲ့အပြင်ဘက်ကိုထွက်ရမယ်

ကလေးတွေအော်ကြသလိုမျိုး နင်အော်တယ်

သွားလေ

ငါတို့ကတော့

နောက်မနက်ဖြန်ကိုစောင့်ကြရဦးမှာ။

ပန်းတိုင်းပွင့်မယ့်နေ့

ဆိုတာကိုပေါ့။

ငယ်ငယ်တုန်းကမြို့ကလေးဆီ

နင့်အာရုံတွေရောက်တဲ့အခါ

ပြန်လာခဲ့ပါသူငယ်ချင်း။

မင်း

စင်္ကာပူကို လင်ယူဖို့ထွက်သွားတာလားညနေမိုး။ ။

အောင်မှူးဝေ

No comments:

Post a Comment