Sunday, April 8, 2012

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ ရန်...

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ ရန်...

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မှ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်လာ

ရန်ကုန်၊ ဧပြီ-၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟု ဧပြီလ ၂ ရက် နိုင်ငံပိုင် ရုပ်သံ မီဒီယာများ၌ စတင်ဖော်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု ဘင်္ဂလားဒေ့ရှ်လေတပ်ဦးစီးချုပ်နှင့် ဧပြီ ၂ရက်က တွေ့ဆုံစဉ် နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြစဉ် ပထမဆုံးအကြိမ်သုံးနှုန်းခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတော်အဆင့်မြင့်အရာရှိကြီး ၅ ဦးမှာ မတ်လ ၃၀ ရက်မှစတင်၍ အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဗိုလ်ချုပ်ကြီးစိုးဝင်းဟူ၍လည်းကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်းကို ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဟူ၍လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းဟူ၍လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဗိုလ်ချုပ်ကြီးမြတ်ဟိန်းဟူ၍လည်းကောင်း အသီးသီးဖြစ်လာသည်။

No comments:

Post a Comment